စင်္ကာပူမှာ သုတေသနပညာရှင်များက မိုးရေကနေ ဆန်းသစ်တဲ့ လျှပ်စစ် အစွမ်းကိုထုတ်လုပ်နိုင်ခဲ့

စင်္ကာပူမှာ သုတေသနပညာရှင်များက မိုးရေကနေ ဆန်းသစ်တဲ့ လျှပ်စစ် အစွမ်းကိုထုတ်လုပ်နိုင်ခဲ့

ဒေါင်လိုက် ပိုလီမာ Tube (၁၂ လက်မ) ထဲကို မိုးရေစက်တွေ ဝင်ရောက်လာတဲ့အခါ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးခဲ့တဲ့ နည်းလမ်းအသစ်တစ်ခုကို စင်္ကာပူမှာ သုတေသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

စမ်းသပ်မှုအရ ဒီနည်းနဲ့ ထုတ်လုပ်ရရှိတဲ့ လျှပ်စစ်ဓာတ်အားဟာ LED မီးလုံး ၁၂ လုံးကို ၂၀ စက္ကန့်ကြာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။ ပြောရရင်တော့ စွမ်းအင်က မိုးရေစက်တွေရဲ့ ၁၀% ခန့်ဖြစ်ပါတယ်။

သုတေသနပညာရှင်များက Tube နှစ်ခုကို အသုံးပြုရင်တော့ ထုတ်လုပ်ရရှိမယ့် လျှပ်စစ်စွမ်းအင်ပမာဏကို နှစ်ဆတိုးမြှင့်နိုင်တယ်လို့ ဆိုပါသည်။ ဒီလို မိုးရေစက်တွေကနေ လျှပ်စစ်အခမဲ့ထုတ်လုပ်နိုင်မယ်ဆိုရင် ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို အများကြီး အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။


Latest