စုံတွဲတွေအတွက် Incheon ရှိ အကောင်းဆုံး လည်ပတ်အပန်းဖြေ သွားလို့ကောင်းမယ့် နေရာတွေ

Incheon မြို့ကိုဘဲ စုံတွဲတွေ ခရီးအတူတူထွက်ဖို့ စဥ်းစားနေကြလား ? Incheon မြို့မှာ ကျောင်းအတူတက်နေကြတဲ့ စုံတွဲတွေရော ရှိကြလား ? ဒါမှမဟုတ် ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် Incheon မှာ အလုပ်လုပ်၊ ကျောင်းတက်နေလို့ သွားလည်ဖို့တွေးနေတဲ့သူတွေရော ရှိလား ? ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေ စုံတွဲတွေအတွက် Incheon ရှိ အကောင်းဆုံး လည်ပတ်အပန်းဖြေ သွားလို့ကောင်းမယ့် နေရာတွေကို ပြောပြလိုက်ပါတယ်။

1. Songdo Central Park
Songdo Central Park ကတော့ Songdo International City, Yeonsu-gu ရဲ့ အလယ်မှာ တည်ရှိပြီး ဒီပန်းခြံရဲ့ ထူးခြားဆန်းပြားတဲ့ ရှုခင်းနဲ့ လှပတဲ့ ညဘက်မြင်ကွင်းတွေကြောင့့််နာမည်ကြီး ကျော်ကြားပါတယ်။ ဒီပန်းခြံမှာ 1.8 ကီလိုမီတာရှည်တဲ့ ရေကန်ရှိပြီး ကနူးလှေစီးခြင်း၊ ကယပ်လှေစီးခြင်းနဲ့ လှေစီးခြင်းစတာတွေကိုလဲ နှစ်သက်ခံစားနိုင်ပါတယ်။ ပန်းခြံအတွင်း လမ်းလျှောက်ဥယျာဉ်တွေ၊ ပန်းပုဥယျာဉ်တွေနဲ့ ကောင်းမွန်စွာပြင်ဆင်ထားသော လျှောက်လမ်းတွေနဲ့ စက်ဘီးစီးတဲ့ လမ်းတွေလဲရှိပြီး လာရောက်လည်ပတ်တဲ့ စုံတွဲတွေအတွက် ကြီးမားတဲ့ ပန်းပုတွေနဲ့ ဓာတ်ပုံအေးဆေးရိုက်လို့ ရပါတယ်။ ကိုယ့်ရည်းစားနဲ့ နေဝင်ချိန်ကို ကော်ဖီဆိုင် ဒါမှမဟုတ် ပန်းခြံခုံတန်းပေါ်မှာ ထိုင်ပြီး ကြည့်ရင်း ညနေဆည်းဆာကို ခံစားလို့ ရပါတယ်။

တည်နေရာ- 196 Technopark-ro၊ Songdo-dong၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား

2. Cheongna Lake ပန်းခြံ
Cheongna Lake ပန်းခြံကတော့ မြို့ပြအိုအေစစ် တစ်ခုဖြစ်ပြီး 4 ကီလိုမီတာရှည်လျားတဲ့ လျှောက်လမ်းဟာ ရေကန်တစ်ဝိုက်မှာရှိတဲ့ မတူညီတဲ့ ဧရိယာတွေကို ချိတ်ဆက်ပေးထားပါ။ လမ်းတလျှောက် သစ်ပင်တွေကို တန်းစီစိုက်ထားပြီး အပန်းဖြေ စက်ဘီးစီးလို့ ကောင်းမွန်ပြီး ညဘက်မှာဆိုရင် ‌ရေပန်းအလှပြပွဲလဲ ပြုလုပ်လေ့ ရှိပါတယ်။ Cheongna Lake ပန်းခြံ ပတ်လည်ရှိ ပန်းပုတွေဟာလဲ ဆွဲဆောင်မှုတွေထဲက တစ်ခုဖြစ်ပြီး တောင်ကိုးရီးယား အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် အရေးပါတဲ့ ကျွန်း ၇ ကျွန်းကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ် ရုပ်တုတွေ ရှိပါတယ်။ လူကြိုက်များခဲ့တဲ့ K-drama စီးရီး Goblin: The Lonely and Great God (2016) ကို Cheongna Lake ပန်းခြံ မှာ ရိုက်ကူးခဲ့ပါသေးတယ်။
တည်နေရာ- 131 Crystal-ro၊ Seo-gu၊ အင်ချွန်း၊ တောင်ကိုရီးယား

3. Solchan ပန်းခြံ
Solchan ပန်းခြံကတော့ ပင်လယ်ကို မျက်နှာမူ တည်ဆောက်ထားပြီး အနောက်ပင်လယ်ရဲ့ လှပတဲ့ နေဝင်ချိန်ကို ကြည့်ရှုရင်း အပန်းဖြေအနားယူနိုင်တဲ့ နေရာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ ဒီပန်းခြံမှာ Songdo Art Culture Platform လို့ခေါ်တဲ့ ထူးခြား အဆောက်အဦးတစ်ခုရှိပြီး 24/7 ဖွင့်ထားပြီး ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေအပြင် ယဉ်ကျေးမှုဆိုင်ရာ နေရာတွေလဲ ပါရှိပါတယ်။

တည်နေရာ- 20၊ Convensia-daero 391beon-gil၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား

4. Songdo Hanok ရွာ
Songdo Hanok ရွာကတော့ Songdo နိုင်ငံတကာစီးပွားရေး ဧရိယာရဲ့ အလယ်ဗဟိုမှာရှိတဲ့ကိုရီးယားရိုးရာရွာ ဖြစ်ပါတယ်။ ဒီရွာက ခေတ်ဟောင်းဗိသုကာလက်ရာတွေဟာ ဧရိယာအတွင်းရှိ အလွန်ခေတ်မီတဲ့ မိုးမျှော်တိုက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်‌နေပြီး မြို့ပြလူနေမှုဘဝကနေ ခဏတာ အနားယူဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ဒီရွာမှာ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်မျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။ တခြား ကိုရီးယားရိုးရာရွာတွေလောက် မကျယ်ဝန်းပေမယ့်လည်း Songdo Hanok ရွာကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ရိုးရာယဥ်ကျေးမှုအလှကို ကြည့်ရှုရင်း ရည်းစားနဲ့ အေးဆေး‌ အပန်းဖြေလို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် ရှိနေပါတယ်။

တည်နေရာ- Songdo-dong၊ Yeonsu-gu၊ Incheon၊ တောင်ကိုရီးယား

ဒီလောက်နဲ့ Incheon မှာ အတွဲတွေအတွက် သွားစရာနေရာတွေ ကုန်သွားပြီထင်နေရင်တော့ ယောရော်ဘွန်းတို့ မှားသွားပါမယ့် နောက်ထပ်ပြောပြပေးမယ့် နေရာ 4 နေရာ ကျန်သေးတာမလို့ နောက်တပတ် ကျွန်တော်တို့ MyanGoal – Travel Page ကနေဘဲ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

#incheon #korea #myanmar #myangoal #travel #couple #romance #visit


Latest