Your cart is currently empty!

တရုတ်နိုင်ငံတွင် တစ်ကိုယ်တည်းနေသူများအတွက် “Dead or Alive” စစ်ဆေးပေးသည့် App ရေပန်းစားလာ
တရုတ်နိုင်ငံတွင် တစ်ကိုယ်တည်းနေသူများအတွက် “Dead or Alive” စစ်ဆေးပေးသည့် App ရေပန်းစားလာ
တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ “Demumu” လို့ခေါ်တဲ့ အပလီကေးရှင်းတစ်ခုဟာ တစ်ကိုယ်တည်းနေထိုင်သူများအကြား အကြီးအကျယ် ပေါက်သွားခဲ့ပါတယ်။ ဒီ App ရဲ့ ထူးခြားချက်က အသုံးပြုသူတွေကို အသက်ရှင်နေခြင်း ရှိ၊ မရှိ (Dead or Alive) ကို အလိုအလျောက် စစ်ဆေးပေးသည့် စနစ်ပါဝင်တာဖြစ်ပါတယ်။
၁၀ နှစ်၊ ၂၀ ကျော် တစ်ယောက်တည်းနေထိုင်သူတွေ တိုးပွားလာတဲ့ ခေတ်ကြီးမှာ မတော်တဆ ထိခိုက်မှုဖြစ်ရင် အချိန်မီ သိနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒီ App က သင် သတ်မှတ်ထားတဲ့အချိန်မှာ Check-in မလုပ်ရင် သင့်မိသားစုဆီ အလိုအလျောက် အသိပေးစာ ပို့ပေးမှာပါ။
ဒီ Software ကိုတော့ အသက် ၂၄ နှစ်အရွယ် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးက တီထွင်ထားတာဖြစ်ပြီး
အသုံးပြုသူက နေ့စဉ် သတ်မှတ်ချိန်အတွင်း Check-in နှိပ်ရပါမယ်။ ပျက်ကွက်ပါက ကြိုတင်သတ်မှတ်ထားတဲ့ အရေးပေါ်လူကြီးတွေစီကို စာတိုပေးပို့ အကြောင်းကြားမှာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ တစ်ကိုယ်တည်းနေသူ သန်း ၈၀ နီးပါးရှိတာကြောင့် ဖြန့်ချိပြီးမကြာခင်မှာတင် App Store မှာ နံပါတ် (၁) ရောက်ရှိခဲ့ပါတယ်။
ဒီ App ဟာ ဘေးကင်းလုံခြုံမှုအတွက် အားကိုးရပေမယ့် ခေတ်သစ်လူသားတို့ရဲ့ အစွန်းရောက် အထီးကျန်မှုကို ဖော်ပြနေသည်ဟု ဝေဖန်မှုများလည်းရှိနေပါတယ်။
ဒါဟာ နည်းပညာရဲ့ ကောင်းကျိုးလား၊ ဒါမှမဟုတ် လူတွေရဲ့ အထီးကျန်ဆန်မှုကို သက်သေပြနေတာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။





