iPhone 18 ရဲ့ ဒီဇိုင်းသစ်နဲ့ ရောင်စုံ မော်ဒယ် သတင်း leaks တွေ စတင် ထွက်ပေါ်

iPhone 18 ရဲ့ ဒီဇိုင်းသစ်နဲ့ ရောင်စုံ မော်ဒယ် သတင်း leaks တွေ စတင် ထွက်ပေါ်

၂၀၂၇ ခုနှစ် အစောပိုင်းကျမှ ထွက်ရှိလာတော့မယ့် iPhone 18 ရဲ့ ဒီဇိုင်းနဲ့ အရောင်သစ် ပုံရိပ်အချို့ Leak ထွက်လာခဲ့ပါပြီ။

အခု ထွက်ပေါ်လာတဲ့ ပုံတွေအရ Base Model iPhone 18 မှာ ပန်းရောင် (Pink Color) ကို အဓိက သီးသန့် အရောင်သစ်အနေနဲ့ မိတ်ဆက်ပေးလာဖို့ ရှိနေပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း သိသိသာသာ အပြောင်းအလဲ ဖြစ်သွားမှာဖြစ်ပြီး iPhone 17 Pro Seriesနဲ့ iPhone 18 Series တွေမှာ မြင်တွေ့ရမယ့် Camera Plateau Design ပုံစံဆီ ကူးပြောင်းသွားတော့မှာပါ။ ဒါကြောင့် နောက်ဆုံးမှာတော့ Base iPhone 18 ဟာလည်း Pro Model တွေလိုမျိုး Premium ဆန်တဲ့ ရူပသွင်ပြင်ကို ရရှိတော့မှာ သေချာသလောက် ရှိသွားပါပြီ။

ပါဝင်လာမယ့် Specs အချက်အလက်များ

Display: 6.3 လက်မရှိမယ့် 120Hz OLED Display

Performance: 2nm နည်းပညာသုံး A20 Chip နဲ့ Apple ရဲ့ ကိုယ်ပိုင် C2 Modem

Memory: 9GB LPDDR5X RAM

Battery: iPhone 18 Pro ထက်ပင် အနည်းငယ် ပိုများနိုင်သည့် 4000mAh ဝန်းကျင် Battery

Camera: Dual 48MP Rear Camera Setup နဲ့ 18MP Selfie Camera

iPhone 18 ကို မိတ်ဆက်မယ့် ရက်စွဲ အတိအကျကို မသိရသေးပေမဲ့ ၂၀၂၇ ခုနှစ်ရဲ့ ပထမသုံးလပတ် (မတ်လ မတိုင်မီ) တွင်းမှာ တရားဝင် မိတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း သတင်းများအရ သိရှိရပါတယ်။


Latest