ဘာပျောက်ပျောက် Find My နဲ့ ရှာလို့ရတယ်

ပစ္စည်းလေးတွေပျောက်သွားတ​ယ်၊ အသုံးအဆောင်လေးတွေပျောက်သွားတယ်၊ နောက်ပြီး လူပါပျောက်သွားတယ်ဆိုရင်တောင် Apple Device အသုံးပြုတဲ့ User ဆိုရင် Find My နဲ့ အလွယ်တကူရှာလို့ရနိုင်ပါတယ်။

ဘာကြောင့်လည်းဆိုရင် Apple Device တွေမှာ အရမ်းကိုမှ အသုံးဝင်လွန်းတဲ့ Find My နဲ့တွဲဖက် အသုံးပြုလို့ရနိုင်တဲ့ Accessories တွေပါ တစ်ခါတည်းချိတ်ဆက်ထားပြီး အသုံးပြုလို့ရနိုင်တော့ အဆင်ပြေပြီးရင်း အဆင်ပြေပေါ့။

AirTag လို Accessories တွေကို ပစ္စည်းလေးတွေမှာ ချိတ်ထားပြီး အသုံးပြုမယ်ဆိုရင် ပစ္စည်းလေးတွေနဲ့ အသုံးဆောင်လေးတွေ နေရာထားမှားပြီးပျောက်သွားမယ်ဆိုရင် အလွယ်တကူပြန်ရှာလို့ရနိုင်ပါတယ်။

ဒါ့အပြင် တစ်နေရာရာသွားလို့ လူစုကွဲသွားတယ်၊ ကိစ္စတစ်ခုခုကြောင့် စိတ်မချလို့ ကိုယ့်ကလေးတွေကို ဘယ်နေရာရောက်နေလည်းသိချင်ရင်တောင် Find My ကိုသုံးပြီးရှာလို့ရနိုင်ပါတယ်။

Find My ကိုတော့ Apple Device တိုင်းမှာ Default App အနေနဲ့ပါဝင်မှာဖြစ်ပြီး Apple ID နဲ့ Setup လုပ်လိုက်တာနဲ့တင် စတင်အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကို မသုံးရသေးရင် စမ်းကြည့်ဖို့ လိုမယ်နော်။


Latest