2024 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး K-Pop Tours 10 ခု

‘2024 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး K-Pop Tours 10 ခု’

Billboard ဟာ 2024 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး K-Pop Tours တွေကို ထုတ်ဖော်ပြသခဲ့ပြီး ရရှိခဲ့ဝင်ငွေတွေ၊ လက်မှတ်ရောင်းချနှုန်းတွေပေါ်မူတည်ပြီး အဆင့်လိုက် ခွဲခြားပြီးသတ်မှတ်ခဲ့ပါတယ်။

ယခုနှစ်မှာ BTS နဲ့ BLACKPINK တို့ရဲ့ tours တွေ မရှိပေမယ့်လဲ ဒီလို ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကနေပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ 329.2 သန်းကျော်အထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် ထိပ်တန်း K-Pop Tours 10 ခုက ဘယ်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေ ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

10. ITZY
ITZY ကတော့ ရှိုးပေါင်း 8 ခုအတွက် လက်မှတ်ပေါင်း 56,200 ရောင်းချခဲ့ရပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ 6 သန်းရရှိခဲ့တာကြောင့် ထိပ်တန်း K-Pop Tours 10 ခုထဲက နံပါတ် 10 နေရာမှာ ရပ်တည်နေပါတယ်။

9. (G)I-DLE
(G)I-DLE ကလဲ ရှိုးပေါင်း 6 ခုအတွက် လက်မှတ်ပေါင်း 46,500 ရောင်းချခဲ့ရပြီး စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ 6.7 သန်းအထိ ရရှိခဲ့ပါတယ်။

8. NCT Dream
NCT Dream ဟာ ၀င်ငွေအများဆုံး K-Pop Tours 10 ထဲက နံပါတ် 8 နေရာမှာ ရပ်တည်နေပြီး ဖျော်ဖြေပွဲ 26 ပွဲမှာ လက်မှတ်ပေါင်း 59,800 ရောင်းချခဲ့ရပါတယ်။ စုစုပေါင်းဝင်ငွေလဲ အမေရိကန်ဒေါ်လာ 7.8 သန်းအထိ ရရှိခဲ့ပါတယ်။

7. IVE
IVE ဟာ ဖျော်ဖြေရေးခရီးစဉ်တွေကနေလဲ အမေရိကန်ဒေါ်လာ 10.8 သန်းရရှိခဲ့ပြီး စုစုပေါင်းရှိုး 10 ခုအတွက် လက်မှတ် 92,900 ရောင်းချခဲ့ရပါတယ်။

6. IU
IU ကတော့ သူ့ရဲ့ solo ဖျော်ဖြေရေးခရီးစဉ်ကနေ ဒေါ်လာ 16.6 သန်းရရှိခဲ့ပြီး ဖျော်ဖြေပွဲ 8 ပွဲမှာလက်မှတ်ပေါင်း 92,600 ရောင်းချခဲ့ရပါတယ်။

5. TWICE
TWICE ကတော့ ဒီစာရင်းထဲမှာ ဝင်ငွေအများဆုံး girl group ဖြစ်ပါတယ်။ သူတို့ရဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကနေ ဝင်ငွေဒေါ်လာ 24.2 သန်းရရှိခဲ့ပြီး ရှိုးပွဲ 5ခုမှာ လက်မှတ်ပေါင်း 220,000 ရောင်းချနိုင်ခဲ့ပါတယ်။

4. ATEEZ
ATEEZ ကလဲ သူတို့ရဲ့ ဖျော်ဖြေရေးခရီးစဉ်တွေကနေ အမေရိကန်ဒေါ်လာ 37.6 သန်းရရှိခဲ့ပြီး စုစုပေါင်းရှိုး 13 ပွဲအတွက် လက်မှတ်ပေါင်း 192,000 ရောင်းချခဲ့ရပါတယ်။

3. TXT
TXT အဖွဲ့ကတော့ စုစုပေါင်းဝင်ငွေ ဒေါ်လာ 58.1 သန်းနဲ့ ၀င်ငွေအများဆုံး နံပါတ် 3 နေရာမှာ ရပ်တည်နေပါတယ်။ သူတို့အဖွဲ့ရဲ့ ဖျော်ဖြေပွဲ 26 ခုမှာ လက်မှတ်ပေါင်း 453,000 အထိ ရောင်းချနိုင်ခဲ့ပါတယ်။

2. ENHYPEN
ENHYPEN အဖွဲ့ရဲ့ ဖျော်ဖြေရေးပွဲတွေကတော့ ဒုတိယဝင်ငွေအများဆုံးရရှိခဲ့တဲ့ ဖျော်ဖြေရေးခရီးစဉ်အဖြစ် ရပ်တည်နေပါတယ်။ ဖျော်ဖြေ်ဖြေ 36 ပွဲမှာ လက်မှတ်ပေါင်း 407,000 ရောင်းချခဲ့ရပြီး အမေရိကန်ဒေါ်လာ 63 သန်းအထိ ရရှိခဲ့ပါတယ်။

1. SEVENTEEN
နံပါတ် 1 နေရာမှာ ရပ်တည်နေတာကတော့ SEVENTEEN အဖွဲ့ဘဲ ဖြစ်ပါတယ်။ ၀င်ငွေအများဆုံး ဖျော်ဖြေရေးခရီးစဉ်အဖြစ် အမေရိကန်ဒေါ်လာ 98.4 သန်းရရှိခဲ့ပြီး ကမ္ဘာလှည့်ရှိုးပွဲ 24 ခုမှာ လက်မှတ်ပေါင်း 865,000 ရောင်းချခဲ့ရပါတယ်။

#billboard #kpop #songs #korea #myanmar #MyanGoal #tour


Latest