VLC မှာ Auto စာတန်းထိုးစနစ်ထည့်သွင်းလာမယ်

VideoLAN (သို့) VLC လို့လူသိများတဲ့ Media Player ကတော့ CES 2025 မှာ လူတိုင်းအတွက် အဆင်ပြေစမယ့် Feature တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

ဒီ Feature ကတော့ AI ကို အသုံးချပြီး Automatic Subtitling နဲ့ Translation Feature တွေကို အသုံးပြုလို့ရနိုင်တယ်လို့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီ Feature က AI ကို Real Time အသုံးပြုနိုင်ဖို့  Internet မလိုပဲ သုံးလို့ရနိုင်အောင်ပါစီစဥ်ထားတယ်လို့သိရပါတယ်။

Feature တွေကတော့ AI ကို သုံးပြီး နိုင်ငံအလိုက်နားလည်လွယ်မယ့် ဘာသာစကားတွေကို Auto Subtitle ထိုးပြီးပြသမှာဖြစ်တဲ့အပြင် ရုပ်ရှင်တွေကြည့်မယ်ဆိုရင်လည်း ဘာသာစကားအလိုက်ကို လိုက်ပြီး စာတန်းထိုးပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် စာတန်ထိုးတဲ့ ဘာသာစကားတွေကို (၁၀၀) ကျော်အထိကို မိတ်ဆက်ခဲ့တာဖြစ်ပြီး AI နဲ့ ပါ စမ်းပြသွားခဲ့တာဖြစ်ပါတယ်။

ဒီ Feature သာ တကယ်လို့ Official ထွက်လာခဲ့မယ်ဆိုရင် ရုပ်ရှင်ကြည့်တိုင်း အရင်လို စာတန်းထိုးမပါရင် ကြည့်တက်တဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားစေမှာပဲဖြစ်ပါတယ်။


Latest