မြေပြင်ပေါ်မဆင်းပဲ ရပ်နိုင်ခဲ့တဲ့ SPACEX

SpaceX ကတော့ အခုဆိုရင် လူတော်တော်များကြားထဲမှာ ရေပန်းစားနေတဲ့ ဒုံးပျံယာဥ်တစ်စင်းအနေနဲ့ နာမည်ကြီးနေတာပါ။
SpaceX ကတော့ရှေ့နှစ်တွေထဲက ပင်လယ်ထဲမှာ တည်တည်ငြိမ်ငြိမ်ဆင်းသက်နိုင်ခဲ့ပြီး အခုဆိုရင် ပျံတက်သွားတဲ့အချိန်နဲ့ အောက်ကိုပြန်ကျလာတဲ့အချိန်မှာ အလွယ်တကူ စင်ကြီးတစ်ခုရဲ့ လက်နှစ်ဖက်ကြားထဲကို အလိုအလျောက် ဆင်းသက်နိုင်သွားတာဖြစ်ပါတယ်။
ထူးဆန်းတာက ဒီလိုမျိုး တန် ၂၅၀ လောက်အလေးချိန်ရှိတဲ့ Rocket ကြီးတစ်ခုလုံးကို အောက်ကနေ ထိန်းပေးသွားတဲ့ ပျံသန်း စနစ်ကိုတော့ ချီးကျူးရမှာပါပဲ။ ဒီ Rocket က လေထဲမှာ ပျံဝဲသွားပြီး အောက်ကိုပြန်ကျလာချိန်မှာ ဆွဲအားကို ဆန်ကျင့်တဲ့ တွန်းအားနဲ့ စင်ကြီးကြားကို ရအောင် ကပ်သွားနိုင်တာပဲဖြစ်ပါတယ်။
ဒါဟာ Elon အတွက် အနာဂတ်မှာအလားအလာကောင်းတဲ့ Project တွေထဲက တစ်ခုဖြစ်ပြီး အနာဂတ်မှာ လူတိုင်းဟာ အာကာသထဲကို သွားရောက်နိုင်တော့မယ်ဆိုတဲ့ သတင်းတွေလည်း အမှန်ဖြစ်လာတော့မယ့် သဘောပါပဲ။
SpaceX ကတော့ အခုဆိုရင် စမ်းသပ်နေဆဲဖြစ်ပြီး မကြာခင်မှာ အာကာသထဲကို လွတ်တင်တော့မှာဖြစ်ပါတယ်။

Latest