Your cart is currently empty!
BTS အဖွဲ့ဟာ အဖွဲ့ဝင်တွေ စစ်မှုထမ်းနေရတာကြောင့် ယာယီရပ်နားထားသည့်တိုင် ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို စွဲဆောင်နိုင်ပါသေးတယ်။ သူတို့ရဲ့ သီချင်းတွေ အောင်မြင်မှုကြောင့် မိန်းကလေးတွေရဲ့ နှလုံးသားကို လွှမ်းမိုးနိုင်ရုံသာမက အဖွဲ့ဝင်တဦးချင်းစီရဲ့ နာမည်ကြီးမှုကြောင့် ဖျော်ဖြေရေးနယ်ပယ်မှာ BTS အဖွဲ့ရဲ့ ဝင်ငွေတွေဟာ တော်တော်များပြားလာပါတယ်။ Financial Express ရဲ့ အစီရင်ခံစာအရ BTS ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအတွက် နှစ်စဉ် ဒေါ်လာ ၅ ဘီလီယံခန့် ဝင်အောင်ကူညီ ပေးပါတယ်။ Financial Express 2024 အစီရင်ခံစာအရဘဲ BTS အဖွဲ့ရဲ့ Net Worth ဟာ ဒေါ်လာ သန်း 100 ကျော်လွန်သွားခဲ့ပါတယ်။
BTS အဖွဲ့ဝင်တွေရဲ့ တစ်ဦးချင်း Net Worth များ
V
Times Now ၏ အဆိုအရ V ဟာ ခန့်မှန်းခြေ net worth အနေနဲ့ ဒေါ်လာ သန်း ၄၀ ရှိပါတယ်။ Kim Taehyung ခေါ် V ဟာ BTS အဖွဲ့လိုက်အနေအဖြစ် အောင်မြင်ရုံသာမက သူရဲ့ တစ်ကိုယ်တော် လှုပ်ရှားမှုတွေကြောင့် ဖြစ်ပါတယ်။ သူရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် ‘Layover’ ကို 2023 ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ V ဟာ ဂီတနယ်ပယ်တွင် သာမက ဖက်ရှင်နယ်ပယ်မှာလဲ လွှမ်းမိုးနိုင်သူတစ်ဦးဖြစ်ပြီး Celine နဲ့ Cartier တို့လို ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ brand ambassador ဖြစ်ပါတယ်။
Jungkook
Times Now အရ Jeon Jungkook ရဲ့ခန့်မှန်းခြေ net worth ဟာ ဒေါ်လာ ၃၅ သန်းခန့် ရှိပါတယ်။ Jungkook ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ် ‘Golden’ ဟာလဲ နိုင်ငံတကာမှာ တဟုန်ထိုး အောင်မြင်ခဲ့ပြီး လူကြိုက်များ ရေပန်းစားခဲ့ပါတယ်။ Jungkook ဟာလဲ V လိုမျိုး ဂီတနယ်ပယ်တွင် သာမက ဖက်ရှင်နယ်ပယ်မှာလဲ လွှမ်းမိုးနိုင်သူတစ်ဦးဖြစ်ပြီး Calvin Klein အမှတ်တံဆိပ်ရဲ့ brand ambassador လဲဖြစ်ပါတယ်။
J-Hope နဲ့ Suga
သူတို့နှစ်ဦးစလုံးရဲ့ ခန့်မှန်းခြေ net worth ဟာလဲ ဒေါ်လာ သန်း ၃၀ခန့်စီ ရှိကြပါတယ်။ Jung Hoseok ရဲ့ ပွဲဦးထွက် တကိုယ်တော် စတူဒီယိုအယ်လ်ဘမ် ‘Jack in the Box’ ဟာ အောင်မြင်ခဲ့ပြီး 2022 ခုနှစ် ချီကာဂိုမှာကျင်းပတဲ့ Lollapalooza ပွဲမှာ တစ်ကိုယ်တော် ဖျော်ဖြေခဲ့ပါသေးတယ်။ ရက်ပ်အဆိုတော် Suga ရဲ့ နာမည်ကြီး တစ်ကိုယ်တော် ပွဲဦးထွက် အယ်လ်ဘမ် D-Day ဟာလဲ ကမ္ဘာတစ်ဝှမ်း အောင်မြင်ရုံသာမက အမြတ်အစွန်းများစွာလဲရရှိခဲ့ပါတယ်။ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အဖြစ် – SUGA / Agust D Tour ကိုပြုလုပ်ခဲ့ပါသေးတယ်။ Muisc Producer အဖြစ်နဲ့ PSY၊ IU၊ Halsey တို့နဲ့အတူ လက်တွဲပြီး သီချင်းတွေ ထုတ်လုပ်ခဲ့ရုံသာမက Min Yoongi ဟာ Valentino နဲ့ NBA အမှတ်တံဆိပ်ရဲ့ brand ambassador လဲဖြစ်ပါတယ်။
RM
Financial Express ရဲ့ အဆိုအရ RM ဟာ ချမ်းသာကြွယ်ဝမှုအရ ပဉ္စမနေရာမှာ ရပ်တည်နေပြီး ခန့်မှန်းခြေ net worth ဟာလဲ အမေရိကန်ဒေါ်လာ သန်း 20 မှ 22 သန်း ခန့် ရှိပါ။ Kim Namjoon ဟာ 2024 ခုနှစ်မှာ အယ်လ်ဘမ်ထွက်ရှိ တစ်ဦးတည်းသော BTS အဖွဲ့ဝင်ဖြစ်ပါ။ ‘Right Place, Wrong Person’ ဟာလဲ ကမ္ဘာတဝှမ်း အတော်လေး အောင်မြင်မှုရခဲ့ပါတယ်။ BTS အဖွဲ့ဝင်တွေဟာ ဖက်ရှင်နယ်ပယ်မှာလဲ လွှမ်းမိုးနိုင်သူပီပီ RM ဟာလဲ Bottega Veneta အမှတ်တံဆိပ်ရဲ့ ပထမဆုံး brand ambassador လဲဖြစ်ပါတယ်။
Jin နဲ့ Jimin
Times Now အရ Jin နဲ့ Jimin တို့ရဲ့ တစ်ဦးချင်း ခန့်မှန်းခြေ net worth ဟာ အမေရိကန်ဒေါ်လာ သန်း 20 ခန့်စီ ရှိကြပါတယ်။ စစ်မှုထမ်းပြီးတာ ရက်ပိုင်းသာ ရှိပေမယ့်လဲ Jin ဟာ FESTA ပွဲတော် ပထမဆုံး ARMY တွေနဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ 2024 တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်ရှိဖို့ မျှော်မှန်းထားပြီး Jin ဟာ BTS အဖွဲ့ရဲ့ Bangtan’ 11th anniversary မှာလဲ ဖျော်ဖြေခဲ့ပါသေးတယ်။ Kim Seokjin ဟာ Ottogi’s Jin Ramen ရဲ့ တရားဝင်မော်ဒယ်ဖြစ်ပြီး သတင်းတွေအရ၊ သူ့ရဲ့လွှမ်းမိုးမှုကြောင့် Ottogi with Jin Ramen ရဲ့ ရောင်းအား သိသိသာသာ တိုးလာပြီး ထုတ်ကုန်တွေကို လျှင်မြန်စွာရောင်းချနိုင်ခဲ့ပါတယ်။ Jimin ရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ် Face ဟာလဲ နိုင်ငံတကာမှာ အကြီးအကျယ် ရေပန်းစားခဲ့ပါတယ်။ Park Jimin ဟာ တခြား BTS အဖွဲ့ဝင်တွေလို ဖက်ရှင်နယ်ပယ်မှာ လွှမ်းမိုးနိုင်သူဖြစ်ပြီး လက်ရှိမှာ Dior ရဲ့ global ambassador ဖြစ်ပြီး Tiffany & Co ရဲ့ house ambassador လဲဖြစ်ပါတယ်။
#myanmar #korea #MyanGoal #BTS #kpop







Leave a Reply
You must be logged in to post a comment.