လူနဲ့ အနီးစပ်ဆုံးတူတဲ့ AI တစ်ခုကို တောင်ကိုရီးယားချပြ

လူနဲ့ အနီးစပ်ဆုံးတူတဲ့ AI တစ်ခုကို တောင်ကိုရီးယားချပြ

Kakao က တောင်ကိုရီးယားရဲ့ ပထမဆုံး multimodal ဘာသာစကားမော်ဒယ်ဖြစ်တဲ့ Kanana-o ကို မိတ်ဆက်လိုက်ပါပြီ။

ဒီ AI-Model အသစ်က စာသား၊ အသံ၊ ပုံတွေကို တပြိုင်နက်ထဲ နားလည်အောင် လုပ်ဆောင်နိုင်ပါတယ်။ 

ကုမ္ပဏီက သူတို့ရဲ့ တရားဝင် နည်းပညာ Vlog Page မှာ ဒီ Model နဲ့ပတ်သက်တဲ့ အသေးစိတ်ကို ဧပြီလ ၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ Kanana-o ဟာ နားထောင်နိုင်၊ စကားပြောနိုင်၊ လူတစ်ယောက်လို အပြန်အလှန်စကားပြောလို့ရတဲ့  အဆင့်မြင့် အသံနည်းပညာကို ပေါင်းစပ်ထားတာတဲ့ AI Model အသစ်တစ်ခုဖြစ်ပါတယ်။ 

Kakao ရဲ့ ပြောကြားချက်အရ Kanana-o ဟာ OpenAI နဲ့ Google တို့လို ကမ္ဘာ့အဆင့် AI စနစ်တွေနဲ့ ယှဉ်နိုင်တဲ့ Performance တွေရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသံပိုင်းကို အဓိကထားတဲ့ Kanana-a ဆိုတဲ့ ဘာသာစကားမော်ဒယ်အသစ်တစ်မျိုးကိုပါ မိတ်ဆက်သွားခဲ့ပါသေးတယ်။ 

Kanana-o ဆိုတာ စာသား၊ အသံ၊ ပုံရိပ်တွေကို တပြိုင်နက် နားလည်အောင် လုပ်နိုင်တဲ့  ဉာဏ်ရည်တုမော်ဒယ်တစ်မျိုးဖြစ်ပါတယ်။ ဒီမော်ဒယ်က လက်ရှိ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် စာသား ဒါမှမဟုတ် သဘာဝအသံနဲ့ ဖြေကြားပေးတဲ့ Feature တွေလည်းပါဝင်လာတာဖြစ်ပါတယ်။ 

ဒီမော်ဒယ်က Gyeongsang နဲ့ Jeju ပြည်နယ်တွေက ဒေသခံတွေစကားကို နားလည်ပြီး ကိုရီးယားဘာသာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒါ့အပြင် သဘာဝကျပြီး ချောမွေ့တဲ့ စကားပြောပုံကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။  ဒါကြောင့် ဒီမော်ဒယ်ဟာ ကိုရီးယားဆက်သွယ်ရေးရဲ့ ဒေသအလိုက် ဘာသာစကားကွဲပြားမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်လို့ လေ့လာသုံးသပ်သူတွေကဆိုပါတယ်။ 

Kakao Kanana ရဲ့ အကြီးအကဲဖြစ်သူ Kim Byung-hak က Kana မော်ဒယ်ဟာ စာသားကိုနားလည်ရုံတင်မကပဲ လူတစ်ယောက်လို မြင်နိုင်၊ ကြားနိုင်၊ ပြောနိုင်၊ လူသားတစ်ယောက်လို စာနာနိုင်တဲ့ AI အဖြစ် ပြောင်းလဲလာနေတယ်လို့ ပြောလာပါတယ်။ Kakao အနေနဲ့ သူတို့ရဲ့ ထူးခြားတဲ့ multimodal နည်းပညာကို ဆက်လက်တည်ဆောက်ပြီး AI ပြိုင်ဆိုင်မှုမှာ အားကောင်းလာအောင် လုပ်မယ်လို့ပြောလာပါတယ်။ 

#MyanGoal #Tech #News 


Latest