၂၀၀၈ ခုနှစ် Apple ရဲ့ App Store အစောပိုင်းကာလမှာ လူအပြောအများဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု

၂၀၀၈ ခုနှစ် Apple ရဲ့ App Store အစောပိုင်းကာလမှာ လူအပြောအများဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ 

အဲဒါကတော့ စတိဗ် ရှီရာတန် (Steve Sheraton) ဆိုသူက ဟာသလုပ်ပြီး တီထွင်ခဲ့တဲ့ iBeer အမည်ရ App တစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်လိုမျိုး App လဲ?

ဒီ App က နည်းပညာအရ အရမ်းကြီး ထူးထူးခြားခြား မဟုတ်ပါဘူး။ App ကို ဖွင့်လိုက်ရင် ဖုန်းမျက်နှာပြင်က ဘီယာခွက်တစ်ခုလို ဖြစ်သွားပြီး ဖုန်းကို စောင်းလိုက်ရင် ဘီယာသောက်နေသလိုမျိုး အရည်တွေက လိုက်စောင်းသွားကာ “ဂလု ဂလု” ဆိုတဲ့ အသံပါ ထွက်ပေါ်လာတာပါ။

ရယ်စရာကနေ ရွှေဖြစ်သွားပုံ

ဘယ်သူမှ အလေးအနက်မထားခဲ့တဲ့ ဒီ App ဟာ ထင်မှတ်မထားဘဲ တစ်ကမ္ဘာလုံးမှာ ရေပန်းစားသွားခဲ့ပါတယ်။ လူတိုင်းက ဖုန်းနဲ့ ဘီယာသောက်ပြတဲ့ ဟာသတွေကို လုပ်ခဲ့ကြလို့ Download ဆွဲသူ သန်းနဲ့ချီ ရှိလာခဲ့ပါတယ်။

အောင်မြင်မှု အထွတ်အထိပ်ကာလမှာ တစ်နေ့ကို ဒေါ်လာ ၁ သောင်းကနေ ၂ သောင်းကြား (မြန်မာငွေ သိန်းရာချီ) အထိ ဝင်ငွေရရှိခဲ့ပါတယ်။

App Store သမိုင်းမှာ App တစ်ခုတည်းနဲ့ အစောဆုံး သန်းကြွယ်သူဌေး ဖြစ်လာသူတွေထဲမှာ သူဟာ တစ်ဦးအပါအဝင် ဖြစ်သွားခဲ့ပါတယ်။

နည်းပညာနဲ့ ချမ်းသာလာခဲ့ပေမဲ့ စတိဗ်ကတော့ အိုင်တီလောကထဲမှာ ဆက်မနေခဲ့ပါဘူး။ သူဟာ သန်းကြွယ်သူဌေးဘဝနဲ့ နည်းပညာလောကကို ကျောခိုင်းပြီး စပိန်နိုင်ငံမှာ ဥယျာဉ်ခြံစိုက်ပျိုးတဲ့ အလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ရှုပ်ထွေးတဲ့ နည်းပညာတွေကြားမှာ မဟုတ်ဘဲ သဘာဝတရားနဲ့အတူ အေးချမ်းတဲ့ဘဝကို ရွေးချယ်ဖြတ်သန်းနေပါတယ်။


Latest