လာမယ့် ၂၀၂၇ ခုနှစ်မှာ မိတ်ဆက်ပေးသွားဖို့ ရှိနေတဲ့ 20th Anniversary iPhone (iPhone 20 Pro) စီးရီးတွေဟာ ပုံမှန် Flat Display ကနေ ဘက်လေးဘက်စလုံး ကွေးညွတ်နေမယ့် Quad-Curved Display ပုံစံဆီ ပြောင်းလဲအသုံးပြုလာတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
အခုဆိုရင် အဲဒီသတင်းတွေကို အတည်ပြုသလို ဖြစ်လာစေမယ့် iPhone 20 Pro နဲ့ 20 Pro Max တို့ရဲ့ Screen Protector လို့ ယူဆရတဲ့ ဓာတ်ပုံတွေပါ အင်တာနက်ပေါ် ပျံ့နှံ့လာပါပြီ။ ထွက်ပေါ်လာတဲ့ ပုံတွေအရ မျက်နှာပြင်က ဘက်လေးဘက်စလုံး အိစက်ညွတ်ပျောင်းတဲ့ Quad-Curved ပုံစံ ဖြစ်နေပြီး အပေါ်ဘက်မှာတော့ Face ID နဲ့ Notch ပုံစံက ဆက်လက် ပါရှိနေဆဲ ဖြစ်တာကို တွေ့ရပါတယ်။
မျက်နှာပြင် အရွယ်အစားများအနေနဲ့ကတော့ –
iPhone 20 Pro: 6.41 လက်မ
iPhone 20 Pro Max: 6.96 လက်မ အထိ အသီးသီး ကြီးမားလာဖွယ် ရှိနေပါတယ်။
ဒါပေမဲ့ မိတ်ဆက်မယ့် ကာလက အချိန်အတော်လေး လိုသေးတာကြောင့် အခုထွက်လာတဲ့ သတင်းတွေနဲ့ ပုံစံတွေကိုတော့ အပြီးအပြိုင် အတည်ပြုလို့ မရသေးဘဲ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။






