တောင်ကိုရီးယားမြို့တော် ဆိုးလ်က မြေအောက်ရထားတစ်စင်းပေါ်က မီးလောင်မှု

တောင်ကိုရီးယားမြို့တော် ဆိုးလ်က မြေအောက်ရထားတစ်စင်းပေါ်မှာ မေလ ၃၁ ရက်နေ့က အသက် ၆၇ နှစ်အရွယ်လူတစ်ယောက်က တွဲကြမ်းပြင်ကို ဓာတ်ငွေ့ရည်တွေ ပက်ချပြီး မီးရှို့ခဲ့ပါတယ်။ မီးလောင်နေတဲ့တွဲထဲက လူတွေထွက်ပြေးခဲ့ကြတာကိုလည်း စီစီတီဗီမှတ်တမ်းမှာတွေ့ရပါတယ်။
ဒဏ်ရာရသူ ၂၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီ ဝမ်ဆိုတဲ့ အမျိုးသားဟာ မကြာသေးခင်က အိမ်ထောင်ကွာရှင်းခဲ့ပြီး အဲဒီကိစ္စအပေါ်မကျေလည်နေခဲ့တာလို့ တောင်ကိုရီးယား ဥပဒေအရာရှိတွေကပြောပါတယ်။ သူ့ကို အခု ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

Ref : BBC


Latest