ဒေါ်လာ ၇၀ နီးပါးတန်တဲ့ Apple ရဲ့ MagSafe iPhone Grip/Stand

ဒေါ်လာ ၇၀ နီးပါးတန်တဲ့ Apple ရဲ့ MagSafe iPhone Grip/Stand: ဒီဇိုင်နာလက်ရာနဲ့ Limited Edition

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရောင်းကုန်သွားခဲ့တဲ့ iPhone Pocket အိတ်ကို မဝယ်လိုက်ရသူတွေအတွက် Apple ကနေ နောက်ထပ် Designer ပူးပေါင်းလက်ရာ တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။

ဒါဟာ MagSafe iPhone Grip/ Stand ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၆၉.၉၅ ဒေါ်လာ (ဒေါ်လာ ၇၀ နီးပါး) သာ ရှိတာကြောင့် ပေါ့ပေါ့ပါးပါးလေးပဲလို့ ပြောလို့ရပါတယ်။

ဒီပစ္စည်းကို နာမည်ကြီးဒီဇိုင်နာ Bailey Hikawa နဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့အပြင် အရေအတွက် အကန့်အသတ် (Limited Edition) နဲ့သာ ထုတ်လုပ်ထားတာကြောင့် မြန်မြန်ဆန်ဆန် ဝယ်ယူဖို့ လိုအပ်ပါလိမ့်မယ်။

ဒီ Grip/Stand ကို အမှန်တကယ်တော့ လက်ဆစ်အကြောအားနည်းသူများ သို့မဟုတ် လက်လှုပ်ရှားမှု အနည်းငယ် ပြဿနာရှိသူများ အတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ဒီဇိုင်နာ Bailey Hikawa က လူတွေ ဘယ်လိုပုံစံအနေအထားနဲ့ ဖုန်းကိုင်လေ့ရှိလဲဆိုတာကို သေချာလေ့လာပြီးမှ ဖန်တီးခဲ့တာလို့ ဆိုထားပါတယ်။

Silicon (ဆီလီကွန်) နဲ့ လုပ်ထားပြီး Modern Sculpture (ခေတ်မီပန်းပုရုပ်) ဒီဇိုင်းကို တုပထားတယ်လို့လည်း ဖော်ပြထားပါတယ်။

MagSafe စနစ်ရရှိတဲ့ iPhone မော်ဒယ်တိုင်းမှာ အသုံးပြုနိုင်ပါတယ်။
အလွယ်တကူ ဖြုတ်တပ်နိုင်ပါတယ်။
ဖုန်းကို အလျားလိုက်ရော၊ ဒေါင်လိုက်ရော အနေအထားမျိုးစုံနဲ့ ထောက်ထား အသုံးပြုနိုင်ပါတယ်။

လောလောဆယ်တွင် ယူအက်စ် (US) ရှိ Apple Store များ မှာသာ ဝယ်ယူလို့ရနိုင်သေးပြီး၊ Limited Edition ဖြစ်တဲ့အတွက် ပစ္စည်းပြတ်နိုင်ပါတယ်။


Latest