Elon Musk: $677 Billion ဖြင့် ကမ္ဘာ့အချမ်းသာဆုံးစံချိန်ကို တစ်ကိုယ်တော် ချိုးဖျက်ပြန်ပြီ
နည်းပညာလောကရဲ့ ထိပ်တန်းခေါင်းဆောင် Elon Musk ဟာ သူကိုယ်တိုင် တင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံး စံချိန်ကို ထပ်မံချိုးဖျက်လိုက်ပြီး လက်ရှိမှာ ကြွယ်ဝမှု ဒေါ်လာ ၆၇၇ ဘီလီယံ ($677 Billion) အထိ ရှိလာကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ ဒေါ်လာ ၅၀၀ ဘီလီယံ စံချိန်ကို တင်ခဲ့တာဖြစ်ပြီး အခုတော့ သုံးလအတွင်းမှာတင် သူ့ရဲ့ ကြွယ်ဝမှုက အရှိန်အဟုန်နဲ့ ထပ်မံတိုးပွားလာတာ ဖြစ်ပါတယ်။
Elon Musk ရဲ့ ကြွယ်ဝမှု ဒီလောက်အထိ မြင့်တက်လာရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ ဂိမ်းဆော့လို့ မဟုတ်ဘဲ သူပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ တန်ဖိုး ထိုးတက်သွားလို့ ဖြစ်ပါတယ်
SpaceX ရဲ့ ခန့်မှန်းတန်ဖိုးဟာ ဒေါ်လာ ၄၀၀ ဘီလီယံမှ ၈၀၀ ဘီလီယံအထိ နှစ်ဆနီးပါး ခုန်တက်သွားခဲ့ပါတယ်။
Starlink နဲ့ Starship စီမံကိန်းများရဲ့ အောင်မြင်မှုများက SpaceX ကို ကမ္ဘာ့တန်ဖိုးအရှိဆုံး ပုဂ္ဂလိကကုမ္ပဏီတစ်ခုအဖြစ် ခိုင်မာစေခဲ့ပါတယ်။
လက်ရှိမှာ Elon Musk နဲ့ ဒုတိယ၊ တတိယနေရာက ဘီလီယံနာတွေကြား ကွာဟချက်က မယုံနိုင်စရာ ကောင်းနေပါတယ်-
သူ့ရဲ့ $677 Billion ကို မှီဖို့ဆိုရင် ဒုတိယနေရာက လူဟာ နောက်ထပ် $420 Billion လောက် ထပ်လိုပါသေးတယ်။
အရိုးရှင်းဆုံး ပြောရရင် ဒုတိယ၊ တတိယ နဲ့ စတုတ္ထနေရာက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် (၃) ဦးရဲ့ ကြွယ်ဝမှုကို ပေါင်းလိုက်မှသာ Elon Musk ရဲ့ ကြွယ်ဝမှုကို ယှဉ်နိုင်မယ့် သဘောပါ။
ရင်းနှီးမြှုပ်နှံသူတွေနဲ့ Forbes ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ်ဟာ Musk အတွက် ပိုပြီး ကြီးကျယ်တဲ့ နှစ်ဖြစ်လာနိုင်ပါတယ်
လာမယ့် ၂၀၂၆ ထဲမှာ SpaceX ကို အများပိုင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာဈေးကွက် (IPO) တင်ဖို့ ရှိနေပါတယ်။
SpaceX သာ IPO တင်ဖြစ်ခဲ့ရင် ကုမ္ပဏီရဲ့တန်ဖိုးဟာ ၁.၅ ထရီလီယံ (1.5 Trillion) အထိ ဖြစ်သွားနိုင်ပြီး Elon Musk ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ (Trillionaire) ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။






