ဖုန်းအခိုးခံရတာမှ ကာကွယ်ဖို့အတွက်

ဖုန်းအခိုးခံရတာမှ ကာကွယ်ဖို့အတွက်

Samsung Galaxy ဖုန်းမှာ One UI 7 တင်ထားရင် Theft Protection feature ကို ဖွင့်ထားဖို့ အကြံပေးပါတယ်နော်။

ဒီ feature က ဖုန်းအခိုးခံရတာနဲ့ AI တွေက motion sensor သုံးပြီး ဖုန်းကို Theft Detection Lock နဲ့ ချက်ချင်းလော့ခ်ချပေးပါတယ်။ ဖုန်းက offline ဖြစ်သွားရင်လည်း Offline Device Lock နဲ့ ဒေတာကို ကာကွယ်ပေးပါတယ်။ Remote Lock နဲ့လည်း အဝေးကလော့ခ်ချလို့လည်း ရပါတယ်။

ဒီ Feature ကို ဖွင့်ချင်တယ်ဆိုရင်တော့ Settings > Security and Privacy > Lost Device Protection > Theft Protection ကို ဖွင့်လိုက်တာနဲ့ အသုံးပြုလို့ရနိုင်ပြီဖြစ်ပါတယ်။ ပိုလုံခြုံချင်တယ်ဆိုရင်တော့ Identity Check ပါ ဖွင့်ဖို့ အကြံပေးလိုက်ပါတယ်နော်။

ဒီ Feature ကို အသုံးပြုလို့ရနိုင်တဲ့ Model တွေကတော့ Galaxy S22/S23/S24/S25 series၊ Z Fold 5/6၊ Z Flip 5/6။တွေမှာအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ အခြား Galaxy ဖုန်းတွေလည်း မကြာခင် ရမှာဖြစ်လို့ ရတာနဲ့ ဒါလေးတွေဖွင့်ထားဖို့ အကြံပေးလိုက်ပါတယ်နော်။


Latest