0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Jeju ကျွန်းက အကောင်းဆုံးကမ်းခြေ ၁၀ ခု
Jul 5, 2025
—
by
Milo Kevin
in
Travel
Jeju ကျွန်းပတ်ပတ်လည်ကတော့ ပင်လယ် ဝန်းရံထားပြီး ကျွန်းတစ်ခွင်လုံးမှာ ထူးခြားတဲ့ရှုခင်းတွေနဲ့အတူ လှပတဲ့ ကမ်းခြေပေါင်းများစွာ ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ Jeju ကျွန်းက အကောင်းဆုံးကမ်းခြေ ၁၀ ခု ကိုပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ ချစ်ရသူနဲ့ အားလပ်ခရီး ထွက်ချင်လို့ဘဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ကမ်းခြေမှာ အပန်းဖြေချင်တယ်ဆိုရင်တော့ ဘယ်ကမ်းဖြေတွေက မိုက်မလဲဆိုတာ အဆုံးထိ ဖတ်ကြည့်ကြည့်လိုက်ပါ။
1.Hyeopjae ကမ်းခြေ
Jeju ကျွန်းရဲ့ အနောက်ဘက်ရှိ Hallim-eup မှာတည်ရှိပြီး Hyeopjae ကမ်းခြေဟာ လှပတဲ့ ပင်လယ်၊ ထူထပ်တဲ့ ထင်းရှူးတောတွေနဲ့ အလွန်သဟဇာတဖြစ်တဲ့ နေရာဖြစ်ပါတယ်။ clamshells တွေနဲ့ ရောနှောနေတဲ့ သဲဖြူ ကမ်းခြေတလျှောက်မှာ အနက်ရောင် basalt ကျောက်တုံးတွေ ပြန့်ကျဲနေတဲ့ နေရာဖြစ်ပြီး လှပတဲ့ ကျောက်စိမ်းရောင် ပင်လယ်ရေကလဲ ကိုယ်ရဲ့မျက်စိရှေ့မှာ ရှိနေပါတယ်။ ကမ်းခြေရဲ့ အနောက်ဘက်မှာ ထင်းရှူးတောကြီးတစ်ခုရှိပြီး ဒီနေရာမှာ ရေအတိမ်အနက် သိပ်မကြီးတာကြောင့် မိသားစုလိုက် လာရောက် ရေကစားလေ့ ရှိကြပါတယ်။ ကမ်းခြေမှာ ပစ္စည်းတွေထားဖို့ လော့ကာအခန်းတွေ၊ ရေချိုးခန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ကော်ဖီဆိုင်တွေလဲ ရှိတာကြောင့် ထင်းရှူးတောကလဲ စခန်းချလို့ရတဲ့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။တောင်ဘက်မှာလဲ Geumneung Eutteumwon ကမ်းခြေရှိပြီး ဒီကမ်းခြေနှစ်ခုကို အမြွှာကမ်းခြေအဖြစ် သတ်မှတ်ထားကြပါတယ်။
တည်နေရာ- Hallim-eup၊ Jeju-si၊ Jeju-do၊
2.Hamdeok ကမ်းခြေ
Jeju Olle Course 19 မှာတည်ရှိပြီး Hamdeok ကမ်းခြေဟာ ကြည်လင်တဲ့ ပြာလဲ့လဲ့ရေတွေကြောင့် လူသိများပါတယ်။ ကမ်းခြေဘေးမှာ Seoubong Peak လို့ခေါ်တဲ့ oreum တစ်ခုရှိတာကြောင့် “Hamdeok Seoubong Beach” ဆိုပြီးလည်း လူသိများပါတယ်။ ကမ်းခြေမှာ မြင့်မားသောထန်းပင်တွေ၊ သဲသောင်ဖြူကမ်းခြေနဲ့ သမုဒ္ဒရာကြမ်းပြင်ကိုတောင် မြင်တွေ့နိုင်တဲ့ ပြာလဲ့လဲ့ရေတွေကြောင့် ထူးခြားဆန်းပြားတဲ့ ရှုခင်းတွေကို ခံစားရမှာပါ။ ကမ်းခြေအနောက်ဘက်ကို ချိတ်ဆက်ထားတဲ့ တံတားပေါ် လမ်းလျှောက်တာကလဲ ပင်လယ်ပြင်ပေါ်မှာ လမ်းလျှောက်နေသလို ခံစားရစေပါတယ်။ Seoubong Peak ကိုတက်ပြီးတာနဲ့ Hamdeok ကမ်းခြေကို အပြည့်အဝမြင်ရပြီး ရာသီဥတုသာယာရင် အရှေ့ဘက်မှာရှိတဲ့ Hallasan တောင်နဲ့ oreum တို့ကို တစ်နေရာတည်းမှာ ခံစားနိုင်တာမို့ Jeju ရဲ့ သဘာဝအလှအပတွေကို ကြည့်ရှုနိုင်ပါတယ်။
တည်နေရာ- 525၊ Johamhaean-ro၊ Jocheon-eup၊ Jeju-si၊ Jeju-do၊
3.Yongmeori ကမ်းခြေ
Yongmeori ကမ်းခြေကတော့ Sanbangsan တောင်ခြေကနေ ပင်လယ်ကမ်းစပ်ကို သွားတဲ့ လမ်းမှာ တည်ရှိပါတယ်၊ ဒီနေရာမှာ ပင်လယ်ထဲကို ငုပ်ဆင်းမယ့် နဂါးဦးခေါင်းနဲ့ ဆင်တူတဲ့ ကျောက်တုံးတစ်ခုကိုလဲ တွေ့မြင်နိုင်ပါတယ်။ နှစ်သန်းပေါင်းများစွာ အနည်ထိုင်မှုကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဒီကျောက်မျက်နှာဟာ ယနေ့တိုင် လှိုင်းလုံးတွေရဲ့ တိုက်စားမှုကြောင့် ချွန်ထက်ပြီး ထူးဆန်းတဲ့ ချောက်ကမ်းပါးပုံစံအဖြစ် ကျန်ရှိနေပါတယ်။ Yongmeori ကမ်းခြေအားလုံးကို လည်ပတ်ဖို့ မိနစ် 30 လောက်ဘဲ ကြာပေမယ့်လည်း ဆိုးရွားတဲ့ ရာသီဥတု ဒါမှမဟုတ် ဒီရေတက်ချိန်မှာ ကမ်းခြေကို ဝင်ရောက်ခွင့် တားမြစ်ထားတာကြောင့် မသွားခင် လည်ပတ်လို့ရမရ အရင်စစ်ဆေးဖို့ အကြံပြုအပ်ပါတယ်။
တည်နေရာ- ၁၁၂-၃၊ Sagye-ri၊ Andeok-myeon၊ Seogwipo-si၊ Jeju-do၊
4.Woljeongri ကမ်းခြေ
Jeju ကျွန်းရဲ့ Woljeongni ကမ်းခြေကတော့ သီချင်းနဲ့ အချစ်ဇာတ်လမ်းတွေထဲမှာ ပါတဲ့ ရှုခင်းပန်းချီထဲ ရောက်သွားသလို ခံစားရမယ့် လှပတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ဒီနေရာရဲ့ မယုံနိုင်စရာ ရှုခင်းတွေကြောင့် လူသိများပြီး လှပတဲ့ မြစိမ်းရောင်ပင်လယ်နဲ့ သဲသောင်ဖြူကမ်းခြေတလျောက်ကလဲ စွဲမက်ဖွယ်ကောင်းလှပါတယ်။ ကျယ်ပြန့်တဲ့ သဲသောင်ပြင်တဝိုက်မှာ စီတန်းထားတဲ့ ကော်ဖီဆိုင်လေးတွေ ဖွင့်ထားတဲ့ လမ်းမှာ မိသားစုနှင့် ခရီးသွားတဲ့အခါ ဒါမှမဟုတ် ချစ်သူနဲ့ ချိန်းတွေ့တဲ့အခါ အနားယူဖို့ အကောင်းဆုံးနေရာဖြစ်ပါတယ်။ Woljeongni Beach မှာ လှိုင်းစီးတာအပြင် snorkelling နှင့် kayaking တို့လို ရေပေါ်အားကစားနည်းတွေအတွက် လှိုင်းလုံးမြင့်မြင့်တွေကလဲ အဆက်မပြတ် တွေ့နိုင်ပါတယ်။
တည်နေရာ- Gujwa-eup၊ Jeju-si၊ Jeju-do၊
5.Jungmun ကမ်းခြေ
Jungmun ကမ်းခြေကလဲ ထူးခြားဆန်းပြားတဲ့ ထန်းပင်တွေအပြင် ကမ်းရိုးတန်းရှုခင်းတွေ ကောင်းမွန်တာကြောင့်လဲ Jeju ရဲ့ နာမည်ကြီး ကမ်းခြေတွေထဲက တစ်ခုဖြစ်ပါ။ ဒီကမ်းခြေဧရိယာကတော့ Jungmun Tourist Complex ကနေစတင်ပြီး အနီးနားမှာ Cheonjeyeon ရေတံခွန်နဲ့ Daepo Jusangjeolli Cliff တို့ ရှိပါတယ်။ ဒီကမ်းခြေပုံဟာ လေးလိုမျိုး ကွေးညွတ်နေပြီး နေထွက်၊ နေဝင်တဲ့ လမ်းကြောင်းအလိုက် အနက်၊ အဖြူ၊ အနီ နဲ့ မီးခိုးရောင် စတဲ့ အရောင်4 မျိုးကိုပြသတဲ့ “Jinmosal” သဲအမျိုးအစားကြောင့်လဲ လူသိများပါတယ်။ မကြာသေးခင်ကလဲ တခြားကမ်းခြေတွေထက် လှိုင်းလုံးတွေ ပိုမိုမြင့်မားတာကြောင့် ရေလွှာလျှောစီးသူတွေကြားမှာ ပိုမိုရေပန်းစားလာပါတယ်။
တည်နေရာ- Jungmun-dong၊ Seogwipo-si၊ Jeju-do၊
Jeju ကျွန်းက အကောင်းဆုံးကမ်းခြေထဲက ကျန်နေသေးတဲ့ ကမ်းခြေ 5 ခုကို နောက်ရက်ကျရင် တင်ဆက်ပေးမှာမလို့ ဘယ်ကမ်းခြေတွေ ဖြစ်မလဲဆိုတာတော့ စောင့်မျှော်နေကြပါနော်။
←
Previous:
iOS 26 ရဲ့ FaceTime မှာ အဝတ်တွေချွတ်ရင် ခေါ်ဆိုမှု ရပ်တန့်ပေးမယ့် Feature
Next:
ဖုန်းအခိုးခံရတာမှ ကာကွယ်ဖို့အတွက်
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications