“ဖုန်းအားဘယ်အချိန်ပြည့်မလဲဆိုတာ ခဏခဏသွားကြည့်နေစရာမလိုတော့ပါဘူး!”  

“ဖုန်းအားဘယ်အချိန်ပြည့်မလဲဆိုတာ ခဏခဏသွားကြည့်နေစရာမလိုတော့ပါဘူး!”  

Apple က iPhone တွေမှာ iOS 19 နဲ့အတူ ဖုန်းအားသွင်းနေရင်း ဘယ်အချိန်မှာ အားပြည့်မယ်ဆိုတာကို အလိုအလျောက်တွက်ချက်ပြီး ပြသပေးမယ့် စွမ်းရည်အသစ်တစ်ခုကို ထည့်သွင်းပေးတော့မှာပါ။  

ဒီစနစ်ဟာ မူလက iOS 18 မှာ ထည့်သွင်းမယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အကြောင်းအမျိုးမျိုးကြောင့် iOS 19 အထိ ရွှေ့ဆိုင်းခဲ့ရတာပါ။ Apple ဟာ နောက်ပိုင်းမှာ သုံးစွဲသူတွေအတွက် တကယ်အသုံးဝင်မယ့် လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်မှုတွေမှာ ထည့်သွင်းပေးလာတာကို တွေ့ရပါတယ်။  

ဥပမာအနေနဲ့ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခုက iOS 11 မှာ Control Center ထဲမှာ မိုဘိုင်းဒေတာ (Mobile Data) ကို ဖွင့်ပိတ်လုပ်လို့ရမယ့် ခလုတ်တစ်ခု ထည့်သွင်းပေးခဲ့တာပါ။ ဒီလိုပဲ iOS 18 မှာလည်း ဖိုင်တစ်ခု ဒေါင်းလုဒ်ဆွဲတဲ့အခါ ဘယ်လောက်အချိန်ကြာမယ်ဆိုတာကို တွက်ချက်ပြသပေးတဲ့ စနစ်မျိုးတွေကို iPhone တွေမှာ ထည့်သွင်းပေးခဲ့ပါတယ်။  

ဒီလို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ iOS 19 ရဲ့ အားသွင်းချိန်တွက်ချက်မှုစနစ်ဟာလည်း သုံးစွဲသူတွေအတွက် နေ့စဉ်ဘဝမှာ အဆင်ပြေစေမယ့် နောက်ထပ်အင်္ဂါရပ်တစ်ခုဖြစ်လာမှာ သေချာပါတယ်။


Latest