0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ချယ်ရီပန်းပွင့်တဲ့ ရာသီအချိန် ဆိုးလ်မှာ လည်ပတ်သင့်တဲ့ နေရာများ
May 25, 2025
—
by
Milo Kevin
in
Travel
တောင်ကိုးရီးယားမှာ တစ်နှစ် တစ်ကြိမ် မတ်လလယ်လောက်ကနေ ဧပြီလအစပိုင်းလောက်ဆိုရင် ချယ်ရီပန်းတွေ ပွင့်ချိန်ဖြစ်ကြပါတယ်။ သာယာလှပတဲ့ ချယ်ရီပန်းပင်တွေကြောင့် ကိုရီးယားနိုင်ငံက နံနက်ခင်းဟာ သာယာတဲ့ ပန်းနုရောင်နံနက်ခင်းလေးအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။
တစ်ချို့တွေကတော့ နွေဦးရာသီကို ကိုရီးယားရဲ့ အလှဆုံးရာသီအဖြစ် သတ်မှတ်ကြပါပြီး ဒီလိုရာသီချိန်မှာ ပန်းခြံတွေ၊ နာမည်ကြီးလမ်းတွေတလျှောက် လူစည်ကားလျက်ရှိပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal-Travel ကနေပြီးတော့ ချယ်ရီပန်းပွင့်တဲ့ ရာသီအချိန် ဆိုးလ်မှာ လည်ပတ်သင့်တဲ့ နေရာတွေကို ပြောပြပေးသွားမှာမလို့ သိချင်တယ်ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်ကြည့်လိုက်ပါ။
Yeouido ပန်းခြံ
Yeouido ပန်းခြံကတော့ ဆိုးလ်မှာ လည်ပတ်ရင်း ကိုရီးယားရှိ ချယ်ရီပန်းတွေရဲ့ အလှအပတွေကို ခံစားချင်ရင်တော့ အကောင်းဆုံးနေရာအဖြစ် လူသိများ နာမည်ကြီးပါတယ်။ နှစ်စဉ် Yeouiseo-ro (Yunjung-no လို့လဲ ခေါ်ပြီး) မှာကျင်းပလေ့ရှိတဲ့ နွေဦးပန်းပွဲတော်ဟာလဲ နာမည်ကြီးကျော်ကြားပါတယ်။
Seokchon ရေကန်
နွေဦးရာသီမှာ Seokchon ရေကန်တစ်ဝိုက်တလျှောက် လမ်းလျှောက်ခြင်းကလဲ အံ့သြဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုကို ရစေပါတယ်။ ဒီဧရိယာမှာ နှစ်စဉ် ချယ်ရီပန်းပွဲတော်ကိုလဲ ကျင်းပပါတယ်။ ရေကန်ဘေးမှာ လမ်းလျှောက်ပြီးရင်တော့ Korea ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Lotte World Tower ပေါ်ကနေ ချယ်ရီပန်းပွင့်ချိန်ကို တက်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် Lotte World Theme Park မှာ အပန်းဖြေ ဝင်ရောက် လည်ပတ်နိုင်ပါသေးတယ်။
Seoul Forest
Seoul Forest ကလဲ နွေဦးရာသီမှာ ကိုရီးယား ဒေသခံတွေကြား ရေပန်းစားတဲ့ ပန်းခြံကြီးတစ်ခုဖြစ်ပါတယ်။ ဒီဧရိယာတဝိုက်က လူရှင်းတဲ့အပြင် ချယ်ရီပန်းပင်ကြီးတွေကို ကြည့်ဖို့ လမ်းများစွာလဲ ရှိပါတယ်။ ပျော်ပွဲစားထွက်ပြီး ပိုသက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး ချယ်ရီးပန်းကြည့်ခြင်းရင်တော့ ဒီနေရာကို လာသင့်ပါတယ်။
Seoul Grand ပန်းခြံ
Seoul Grand ပန်းခြံ ဒါမှမဟုတ် Gwacheon Seoul Grand ပန်းခြံကတော့ ဆိုးလ်တောင်ပိုင်းမှာရှိတဲ့ ပန်းခြံတခု ဖြစ်ပါတယ်။ တောင်တက်ချင်သူတွေအတွက် တောင်ကုန်းနဲ့ တောင်တက်လမ်းတွေလဲ ရှိတဲ့အပြင် တိရစ္ဆာန်ဥယျာဉ်တွေ၊ နှင်းဆီပန်းဥယျာဉ်၊ Seoul Land အပန်းဖြေဥယျာဉ်နဲ့ ဆိုးလ်ခေတ်သစ် အနုပညာပြတိုက်စတဲ့ အဆောက်အဦများစွာ ပါရှိပါတယ်။ ချယ်ရီပွင့်တဲ့ရာသီမှာဆိုရင်လဲ ချယ်ရီပန်းတွေကို ပန်းခြံဧရိယာတလျှောက် ရေကန်ဘေးမှာ တွေ့နိုင်ပါတယ်။
ဆိုးလ်ရဲ့ နာမည်ကြီး တော်ဝင်နန်းတော်နဲ့ ဥယျာဉ်တော်
Gyeongbokgung လို့လဲ လူသိများတဲ့ ဒီဆိုးလ် တော်ဝင်နန်းတော်ဟာ Joseon မင်းဆက်တည်ဆောက်ခဲ့တဲ့ FIve Grand Palaces ထဲက အလှဆုံးနဲ့ အဓိကအကျဆုံး နန်းတော်ဖြစ်ပါတယ်။ ယခုအချိန်မှာ အမျိုးသားနန်းတော်ပြတိုက်နဲ့ အမျိုးသားရိုးရာပြတိုက်တို့လဲ ဖွင့်လှစ်ထားတဲ့ ယဉ်ကျေးမှုဆိုင်ရာ နေရာတစ်ခုဖြစ်ပါတယ်။ နန်းတော်အတွင်း ချယ်ရီပန်းတွေပွင့်နေတဲ့ နေရာများစွာရှိပြီး ပန်းခြံအတွင်းရှိ လျှို့ဝှက်လမ်းတွေ တလျှောက်မှာလဲ လာရောက်လည်ပတ်သူတွေအနေနဲ့ ဓာတ်ပုံကောင်းကောင်း ရိုက်လို့ရတဲ့ နေရာတွေလဲ ရှိပါတယ်။ ဒီနန်းတော်တွင်း Hanbok ကို အခမဲ့ ၀တ်ဆင်လို့ ရပါတယ်။
myangoal #seoul #korea #visit #Myanmar #cherryblossomseason #activities
#
←
Previous:
Google I/O 2025 မှာ Google က မိတ်ဆက်လိုက်တဲ့ Flow
Next:
“ဖုန်းအားဘယ်အချိန်ပြည့်မလဲဆိုတာ ခဏခဏသွားကြည့်နေစရာမလိုတော့ပါဘူး!”
→
Latest
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို…
Read more
: နောက်ဆုံးထွက် iOS 27 beta ဗားရှင်းမှာ Siri ရဲ့ စကားပြောနှုန်း နဲ့ ခံစားချက်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း…
Read more
: iPhone 18 Pro Max မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပမာဏ ပါဝင်လာနိုင်ကြောင်း ပေါက်ကြားမှုအသစ်များ ထွက်ပေါ်
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့…
Read more
: Apple ဟာ သက်တမ်း ၁၃ နှစ်ရှိပြီဖြစ်တဲ့ iPhone 5s နဲ့ ၁၂ နှစ်ရှိပြီဖြစ်တဲ့ iPhone 6 series ဖုန်းတွေ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် iOS 12.5.8 Software Update ကိုပေးလိုက်ပါပြီ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့…
Read more
: Apple အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် Touchscreen ပါဝင်တဲ့ MacBook Pro ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေ
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး။ တရုတ်နိုင်ငံဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် လူသားပုံတူ Humanoid Robots…
Read more
: အနာဂတ်ရဲ့ ပညာရေးစနစ်ဟာ လူသားတွေအတွက်တင် မဟုတ်တော့ပါဘူး
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications