Your cart is currently empty!

မြန်မာငွေ သိန်း ၁၅၀ ခန့် (ဒေါ်လာ ၃,၀၀၀) နဲ့ Humanoid Robot တစ်ခုပိုင်ဆိုင်နိုင်တော့မယ်!
မကြာခင်မှာ မြန်မာငွေ သိန်း ၁၅၀ ခန့် (ဒေါ်လာ ၃,၀၀၀) နဲ့ Humanoid Robot တစ်ခုပိုင်ဆိုင်နိုင်တော့မယ်!
Hugging Face က ၎င်းရဲ့ Open Source Humanoid Robot ဖြစ်တဲ့ HopeJR နဲ့ Reachy Mini ကို ဒီနှစ်ကုန်ပိုင်းမှာ အကန့်အသတ်နဲ့ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ ဒီစက်ရုပ်တွေရဲ့ ထူးခြားချက်ကတော့ Open Source ဖြစ်တာကြောင့် ထုတ်လုပ်သူရဲ့ ဆော့ဖ်ဝဲကိုသာ အမြဲသုံးရမယ့်အစား ကိုယ်နှစ်သက်သလို Program ထည့်သွင်းအသုံးပြုနိုင်မှာပါ။ အထူးသဖြင့် HopeJR မှာ လှုပ်ရှားမှု ၆၆ မျိုးအထိ ပါဝင်မှာဖြစ်လို့ အသုံးဝင်မှုမြင့်မားမယ့် ပုံစံရှိပါတယ်။ 🦾🦿
ဈေးနှုန်းပိုင်းမှာလည်း Humanoid Robot တစ်ရုပ်အတွက် ဒေါ်လာ ၃,၀၀၀ ဆိုတာ အတော်လေးသက်သာတဲ့ဈေးပါ။ ဥပမာ၊ Tesla ရဲ့ Optimus Robot က အနည်းဆုံး ဒေါ်လာ ၃၀,၀၀၀ လောက်ရှိပါတယ်။ ဒါ့အပြင် Reachy Mini ကတော့ ခေါင်းလှုပ်နိုင်ပြီး စကားပြောနိုင်၊ နားထောင်နိုင်တဲ့ အသေးစား စက်ရုပ်ဖြစ်ကာ ဈေးနှုန်းက ဒေါ်လာ ၂၅၀-၃၀၀ (မြန်မာငွေ ၁၂-၁၅ သိန်း) ဝန်းကျင်သာရှိမှာပါ။
ဒီစက်ရုပ်တွေကို အကန့်အသတ်နဲ့သာ ထုတ်လုပ်ရောင်းချမှာဖြစ်ပြီး ဝယ်ယူလိုသူများအနေနဲ့ X Platform မှာ Wait-list စာရင်းပေးထားနိုင်ပါပြီ။