Your cart is currently empty!
အပါးဆုံး၊ အပေါ့ဆုံး၊ AI ပါတဲ့ Fan Edition အသစ် Samsung Galaxy S25 FE
Samsung မှ Flagship-level Feature တွေနဲ့ စျေးသက်သာတဲ့ Galaxy S25 FE (Fan Edition)ကို စက်တင်ဘာလ ၄ ရက်၊ ၂၀၂၅ တွင် တရားဝင် မိတ်ဆက်ခဲ့ပါတယ်။
ဒီဖုန်းဟာ အရင်ကထွက်ခဲ့တဲ့ FE မော်ဒယ်တွေထက် ပိုမိုပေါ့ပါးပြီး ပိုမိုပါးလွှာတဲ့ ဒီဇိုင်းနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။
S25 FE ဟာ အထူ ၇.၄ မီလီမီတာ နဲ့ အလေးချိန် ၁၉၀ ဂရမ် သာ ရှိတာကြောင့် ဒီဖုန်းဟာ ယခုအထိ ထွက်ရှိခဲ့ဖူးသမျှ FE ဖုန်းတွေထဲမှာ အပါးဆုံးနဲ့ အပေါ့ဆုံး မော်ဒယ်ဖြစ်လာပါပြီ။
Performance ပိုင်းမှာဆိုရင် Exynos 2400 ပရိုဆက်ဆာကို အသုံးပြုထားပြီး Game ကစားတဲ့အခါ ချောမွေ့နေမယ့်အပြင် Multitasking နဲ့ AI လုပ်ဆောင်ချက်တွေမှာလည်း မြန်ဆန်နေဦးမှာပါ။
Flagship Feature ဖြစ်တဲ့ Galaxy AI ပါဝင်လာပြီး Generative Edit နဲ့ Instant Slow-mo တို့လို AI နည်းပညာတွေနဲ့ Photo Edit လုပ်တာတွေမှာ ထူးခြားတဲ့ Experience တွေကိုပေးစွမ်းမျာဖြစ်ပါတယ်။
Samsung ရဲ့ ထိပ်တန်းဖုန်းတွေလိုပဲ၊ ဒီဖုန်းကလည်း ၇ နှစ်တာ OS အပ်ဒိတ်နဲ့ Security Patch တွေကို Support လုပ်သွားဦးမှာပါ။
Galaxy S25 FE ဟာ Flagship Feature တွေအပြင် ပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ S Series ထဲမှာ အတန်ဆုံး စျေးနှုန်းနဲ့ဖြစ်လို့ အကောင်းဆုံး “Fan Edition” တစ်ခုအနေနဲ့ ရွေးချယ်စရာပါပဲ။






