အမေရိကန်မှာ Deepseek ကို ဘန်းလိုက်ပြန်ပါပြီ
အဓိက အကြောင်းအရင်းကတော့ နိုင်ငံအတွင်း လျိုဝှက်ချက် စီမံကိန်းတွေနဲ့ Data တွေကို တရုတ်ကနေ ထောက်လှမ်းမှုတွေလုပ်နိုင်မယ်ဆိုတဲ့ သတိပေးချက်ကြောင့် အမေရိကန်မှာ တရုတ် AI အသုံးပြုခွင့်ကိုပိတ်လိုက်တာဖြစ်ပါတယ်။
တက္ကဆပ်မှာတော့ DeepSeek ကို ပထမဆုံး ဘန်းခဲ့တာဖြစ်ပြီး နောက်ပိုင်း ပြည်နယ်အဆင့် အသုံးပြုမှုတွေပိတ်လာနိုင်တယ်လို့သိရပါတယ်။
သက်ဆိုင်ရာတာဝန်ရှိတဲ့ လူကြီးတွေပြောကြားချက်အရတော့ “ တရုတ် ကွန်မြူနစ် ပါတီဟာ AI နဲ့ လူမှုကွန်ရက် App တွေကနေ အမေရိကန်ရဲ့ အရေးကြီး ဒေတာတွေကိုဖောက်ယူသွားမှာဆိုးတဲ့အတွက် ယခုလို ပိတ်လိုက်တာလို့သိရပါတယ်။
တက္ကဆပ်မှာဆိုရင် တရုတ်နဲ့သက်ဆိုင်တဲ့ App တွေဖြစ်တဲ့ Red Note တို့လို Tiktok အစားထိုး App တွေကိုပါ ပိတ်လိုက်ပြီဖြစ်ပြီး မကြာခင် တခြားသော App တွေထိပါ သက်ရောက်လာနိုင်တယ်လို့ သက်ဆိုင်ရာတွေကနေ တစ်ဆင့်သိရပါတယ်။







Leave a Reply
You must be logged in to post a comment.