Your cart is currently empty!

အာရပ်စော်ဘွားများရှိတဲ့ (UAE) နိုင်ငံ၊ အာဘူဒါဘီမြို့မှာ Stargate UAE ပရောဂျက်အတွက် ကမ္ဘာ့အကြီးဆုံး ဉာဏ်ရည်တု (AI) ဒေတာစင်တာကို တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရပါတယ်။
အာရပ်စော်ဘွားများရှိတဲ့ (UAE) နိုင်ငံ၊ အာဘူဒါဘီမြို့မှာ Stargate UAE ပရောဂျက်အတွက် ကမ္ဘာ့အကြီးဆုံး ဉာဏ်ရည်တု (AI) ဒေတာစင်တာကို တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရပါတယ်။
ဒီ စင်တာက OpenAI ရဲ့ ပထမဆုံး နိုင်ငံတကာ အခြေခံအဆောက်အအုံ ပရောဂျက်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး ဒီပရောဂျက်ဟာ UAE နဲ့ အမေရိကန်ပြည်ထောင်စုတို့ ရဲ့ ပထမဦးဆုံး ပူးပေါင်းမယ့် AI Project ဖြစ်လာမှာပါ။
Stargate UAE ဟာ အာဘူဒါဘီမှာ တည်ဆောက်မှာဖြစ်ပြီး UAE-US AI Campus လို့ အမည်ပေးထားပါတယ်။ ဒီ အဆောက်အဦးက ၁၀ စတုရန်းမိုင် ကျယ်ဝန်းတဲ့ နယ်မြေပေါ်မှာ တည်ရှိမှာဖြစ်ပါတယ်။ ဒီဒေတာစင်တာဟာ ကမ္ဘာ့အကြီးဆုံး AI ဒေတာစင်တာများထဲမှ တစ်ခုဖြစ်လာမှာ ဖြစ်ပြီး၊ ပထမအဆင့်အနေဖြင့် ၂၀၀ မဂ္ဂါဝပ် စွမ်းရည်ရှိ AI (cluster) ကို ၂၀၂၆ ခုနှစ်တွင် စတင်လည်ပတ်ရန် စီစဉ်ထားပါတယ်။ ဒီစင်တာဟာ OpenAI ရဲ့ ၁ ဂီဂါဝပ် ကွန်ပြူတင် AI (cluster) ကို အဓိကထားလည်ပတ်မှာဖြစ်ပြီး၊ နောက်ဆုံးပေါ် NVIDIA Grace Blackwell GB300 စနစ်များ တပ်ဆင်ထားမယ်လို့သိရပါတယ်