Your cart is currently empty!
2024 Adobe Max Day 1 မှာ ဘာတွေ မိတ်ဆက်သွားပြီလဲ ?
Adobe ကတော့ Graphic Designer နယ်နဲ့ Artist တွေကြားထဲမှာတော့ အသုံးဝင်တဲ့ Software တွေဖြစ်ပြီး ပုံပြင်တာ၊ ပုံဆွဲတာ၊ Design တွေဖန်တီးတာတွေ အပြင် Video Edit, Cinema System, Audio Editing စသဖြင့် Adobe Cloud ပေါ်မှာ သုံးလို့မကုန်အောင် Software တွေကိုရနိုင်ပါတယ်။
ဒီလိုမျိုး Software တွေက တစ်နှစ်တစ်ခါ Update ထွက်နေပြီး တစ်ခါ Update ထွက်တိုင်းလည်း User တွေရဲ့ အခက်အခဲ တွေကို ပိုမိုလွယ်ကူအောင် ဖြေရှင်းပေးခဲ့တဲ့အပြင် Ai တွေခေတ်စားလာတဲ့ ခေတ်ကြီးမှာလည်း AI တွေကို အသုံးပြုရိုးရိုးရှင်းရှင်းလေးနဲ့ထည့်ပေးထားပါတယ်။
အခု 2024 Adobe Max မိတ်ဆက်ပွဲမှာတော့ Adobe Ceo က Shantanu Narayen က သူတို့ရဲ့ Adobe ရဲ့ရှေ့ဆက်မယ့် အနာဂတ်မှာ အမိုက်စား Feature တွေပါဝင်လာမယ့်အကြောင်းကို သူ့ ကဏ္ဏအလိုက် ရှင်းပြသွားခဲ့ပါတယ်။
ဒီထဲမှာထူးခြားတာက Adobe Illustrator ဖြစ်ပြီး 2D တွေကို 3D အနေနဲ့ပြန်ပြောင်းလို့ရနိုင်မှာဖြစ်ပါတယ်။
Adobe Photoshop ကတော့ ဝိုင်ယာကြိုးတွေရှုပ်နေတာမျိုးဆိုရင် အလွယ်တကူရှင်းပေးမယ့် Tools တွေပါဝင်လာမှာဖြစ်ပါတယ်။
Adobe Audio မှာဆိုရင်တော့ AI နဲ့အသံတွေပြန်
ပြင်တာတွေ လုပ်လို့ရနိုင်ပြီဖြစ်ပါတယ်။
စိတ်မကောင်းစရာတစ်ခုကတော့ ဒီ Version တွေ အကုန်လုံးက License Version တွေဖြစ်ပြီး Crack Version တွေသုံးတဲ့ ကိုယ်တွေ နိုင်ငံတွေ အနေနဲ့ကတော့ Crack Update သာရနိုင်မှာဖြစ်ပြီး Feature တွေတော့ ရနိုင်ဦးမှာ မဟုတ်ပါဘူး။







Leave a Reply
You must be logged in to post a comment.