Adobe Premiere ကို iOS Devices တွေမှာ အခမဲ့ အသုံးပြုနိုင်တော့မည်

Adobe Premiere ကို iOS Devices တွေမှာ အခမဲ့ အသုံးပြုနိုင်တော့မည်

နာမည်ကျော် video editing software ဖြစ်တဲ့ Adobe Premiere ကို iPhone နဲ့ iPad အသုံးပြုသူများအတွက် အခမဲ့ထုတ်ပေးတော့မယ်လို့ Adobe က ကြေညာလိုက်ပါပြီ။ ဒီလကုန်ပိုင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး Android version ကိုလည်း ဆက်လက်ဖန်တီးနေပါတယ်။

ဗီဒီယို၊ အသံနဲ့ စာသားအလွှာတွေကို ကန့်သတ်ချက်မရှိဘဲ အသုံးပြုနိုင်တဲ့ multitrack timeline ပါဝင်ပါတယ်။

ဗီဒီယိုထဲက စကားပြောတွေကို အလိုအလျောက် စာတန်းထိုးပေးတဲ့ feature ပါဝင်ပါတယ်။ ဒါ့အပြင် Adobe Firefly ကနေ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေ၊ အသံတွေနဲ့ AI အသံတိုးမြှင့်ပေးတဲ့ features တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

အရည်အသွေးမြင့် 4K HDR ဗီဒီယိုတွေကို edit လုပ်နိုင်ပြီး TikTok၊ YouTube Shorts နဲ့ Instagram အတွက် တစ်ချက်နှိပ်ရုံနဲ့ export လုပ်နိုင်ပါတယ်။ ဒီ feature က platform တစ်ခုချင်းစီအတွက် အရွယ်အစားကို အလိုအလျောက် ချိန်ညှိပေးပါတယ်။

AI ကို မသုံးချင်ရင်တောင် Adobe fonts တွေ၊ ပုံတွေ၊ အသံတွေ၊ ဂီတတွေနဲ့ ဗီဒီယိုဖိုင်တွေကို အခမဲ့အသုံးပြုနိုင်ပါတယ်။

Adobe ရဲ့ Creator Product Marketing ရဲ့ ဒုတိယဥက္ကဋ္ဌ Mike Polner က ဒီ app အသစ်ဟာ “professional-level complexity” မပါဘဲ “professional-level creative control” ကို ပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Adobe ဟာ အရင်က Premiere Rush လို ရိုးရှင်းတဲ့ mobile app တစ်ခုကိုသာ ပေးခဲ့ဖူးပေမဲ့၊ အခု Premiere အသစ်ကတော့ Premiere Pro နဲ့ ပိုမိုနီးစပ်လာပါတယ်။ ဒါဟာ filmmaker တွေ၊ designer တွေနဲ့ content creator တွေအတွက် mobile phone ကနေပဲ အဆင့်မြင့်ဖန်တီးမှုတွေ ပြုလုပ်နိုင်မယ့် အခွင့်အရေးကို ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။


Latest