ဟန်မြစ်တဝိုက် ဘယ်လိုအပန်းဖြေကြမလဲ ?

ဟန်မြစ် (Hangang) ကတော့ ဆိုးလ်မြို့ရဲ့ ဗဟိုချက်မနေရာ ဖြစ်ပြီး နွေရာသီမှာ တော်တော်လေး စည်ကားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ လှပတဲ့ ရှုခင်းတွေ၊ စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်စရာတွေနဲ့ လူစည်ကားတဲ့ ပွဲတော်တွေကို ခံစားချင်သူတွေအတွက် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆိုးလ်မြို့ရဲ့ နွေရာသီမှာ ဟန်မြစ်တဝိုက် အကောင်းဆုံး အပန်းဖြေနိုင်မယ့် activities တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စက်ဘီးငှားပြီး ဟန်မြစ်ပန်းခြံတလျှောက် စီးကြည့်ပါ

ဟန်မြစ်ကို ခံစားဖို့ အကောင်းဆုံးနည်းလမ်းကတော့ စက်ဘီးငှားပြီး မြစ်ကမ်းတစ်လျှောက် ရှုခင်းတွေ ကြည့်ရှုခြင်း ဖြစ်ပါတယ်။ **Hangang Bicycle Path** ဟာ မိုင်ပေါင်းများစွာ ရှည်လျားပြီး ဆိုးလ်မြို့ရဲ့ အထင်ကရ အဆောက်အအုံတွေနဲ့ ဟန်မြစ်ရဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်ပါတယ်။ **Yeouido Hangang Park** ဒါမှမဟုတ် **Ttukseom Hangang Park** လိုမျိုး နေရာတွေမှာ စက်ဘီးငှားနိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့အတူ စက်ဘီးစီးရင်း နွေရာသီရဲ့ လေကောင်းလေသန့်ကို ရှူရှိုက်နိုင်ပါသေးတယ်။

၂။ ဟန်မြစ်နားမှာ ပျော်ပွဲစားထွက်ပါ

ဟန်မြစ်နားမှာ ပျော်ပွဲစားထွက်တာဟာ အကောင်းဆုံး activity တစ်ခုဖြစ်ပါတယ်။ အခင်း၊ သရေစာမုန့်တွေကို ယူလာပြီး ဟန်မြစ်ကမ်းနားက ပန်းခြံတွေမှာ လာရောက်အနားယူနိုင်ပါတယ်။ လူကြိုက်များတဲ့ နေရာတွေကတော့ –

– **Yeouido Hangang Park**: ကျယ်ဝန်းတဲ့ မြက်ခင်းပြင်ရှိပြီး နွေဦးမှာ ချယ်ရီပန်းတွေနဲ့ လှပနေတဲ့ နေရာဖြစ်ပါတယ်။

– **Banpo Hangang Park**: **Banpo Bridge Rainbow Fountain Show** နဲ့ လူသိများပြီး ညအချိန်မှာလည်း မီးရောင်စုံရေပန်းတွေနဲ့ လှပစွာ ဖျော်ဖြေတင်ဆက်လေ့ ရှိပါတယ်။

– **Nanji Hangang Park**: ဟန်မြစ်နဲ့ ဆိုလ်းမြို့ရဲ့ လှပတဲ့ ရှုခင်းတွေကို အေးအေးချမ်းချမ်း ခံစားနိုင်တဲ့ နေရာဖြစ်ပါ။

ပျော်ပွဲစားထွက်တဲ့အခါမှာ ရေပန်းအစားဆုံးဖြစ်တဲ့ ကြက်ကြော်နဲ့ ဘီယာ (*chimaek 치맥*) ကို မှာစားကြည့်ဖို့ မမေ့ပါနဲ့။ 

၃။ ရေနဲ့ပတ်သက်တဲ့ activities တွေကို ပြုလုပ်ကြည့်ပါ။

စိတ်လှုပ်ရှားစရာ activities တွေ ကြိုက်တဲ့သူတွေအတွက် ဟန်မြစ်မှာ ရေနဲ့ ပတ်သက်တဲ့ ကစားနည်းတွေ အများကြီး ရှိပါတယ်။

– **Kayaking နှင့် Paddleboarding**: ကယက်လှေငှားပြီး ဟန်မြစ်ကို မတူညီတဲ့ ရှုထောင့်ကနေ  လှည့်လည်ကြည့်ရှုနိုင်ပါတယ်။

– **Ferry စီးခြင်း**: **Hangang River Ferry** နဲ့ နေ့ခင်း ဒါမှမဟုတ် ညပိုင်းမှာ လှည့်လည်ကြည့်ရှုနိုင်ပြီး ဆိုးလ်မြို့ရဲ့ အထင်ကရနေရာတွေကို ခံစားနိုင်ပါတယ်။

– **ငါးဖမ်းခြင်း**: ငါးဖမ်းရတာ ကြိုက်တဲ့သူတွေအတွက် မြစ်ကမ်းတစ်လျှောက်မှာ ငါးဖမ်းနိုင်တဲ့ နေရာတွေအများကြီး ရှိပါတယ်။

၄။ နွေရာသီပွဲတော်တွေမှာ ပါဝင်ဆင်နွှဲပါ

ဟန်မြစ်မှာ ဆိုးလ်မြို့ရဲ့ စိတ်လှုပ်ရှားဖွယ် နွေရာသီပွဲတော်တွေနဲ့ အစီအစဉ်တွေကို လက်ခံကျင်းပလေ့ ရှိပါတယ်။ နာမည်ကြီး ပွဲတော်တွေကတော့ –

– **Hangang Summer Festival**: နှစ်စဉ်ကျင်းပပြီး outdoor ဂီတပွဲများ၊ ရေကစားခြင်းနဲ့ ယဉ်ကျေးမှု အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

– **Seoul Bamdokkaebi Night Market**: Yeouido Hangang Park အပါအဝင် နေရာအများကြီးမှာ ကျင်းပလေ့ရှိပြီး အစားအသောက်တွေ၊ လက်မှုပစ္စည်းတွေနဲ့  live music အစီအစဉ်တွေကို ခံစားနိုင်ပါ။

– **မီးရှူးမီးပန်းပွဲတော်များ**: **Seoul International Fireworks Festival** မှာ မီးရှူးမီးပန်းတွေနဲ့ ညဘက်ဆို လှပစွာ ပစ်ဖောက်ပေးပြီး မြို့တစ်ဝှမ်းက လူတွေကို ဆွဲဆောင်ပါတယ်။

နောက်ရက်တွေကျရင်လည်း ဘယ်လိုမျိုး activities တွေကို ပြောပြပေးဦးမလည်းဆိုတာ သိချင်ရင်တော့ စောင့်မျှော်နေကြပါနော်။

#hanriver #activities #seoul #korea #myangoal #myanmar #holiday


Latest