Android စမတ်ဖုန်းတွေမှာပါ Adobe Premiere App ကို စတင် အသုံးပြုနိုင်ပြီ
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က Apple ရဲ့ iOS ဘက်မှာပဲ စတင် မိတ်ဆက်ခဲ့တဲ့ Adobe Premiere : Video Editor App ကို အခုအခါမှာတော့ Android အသုံးပြုသူတွေအတွက်ပါ တရားဝင် ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အခု ထွက်ရှိလာတဲ့ Android အတွက် Adobe Premiere App ကို Google Play Store ကနေ Free ဒေါင်းလုဒ်ဆွဲပြီး သုံးစွဲနိုင်မှာပါ။ Video Editing အတွက် လိုအပ်မယ့် အဓိက Feature အများစုကို ပိုက်ဆံ ပေးစရာ မလိုဘဲ Free အသုံးပြုနိုင်မှာ ဖြစ်ပေမဲ့၊ အချို့သော အဆင့်မြင့် Feature လေးတွေကိုတော့ Adobe Account Sign-in လုပ်ထားဖို့ သို့မဟုတ် Premium Paid Subscription လိုအပ်မှာ ဖြစ်ပါတယ်။
System Requirements အနေနဲ့ OS: Android 13 နဲ့ အထက်၊ RAM: 5GB နဲ့ အထက်တို့ လိုအပ်ပါတယ်။
ဗီဒီယို ဖန်တီးရတာ ကြိုက်နှစ်သက်တဲ့ Android သုံးစွဲသူတွေအနေနဲ့ Play Store ကနေ ဒေါင်းလုဒ်ဆွဲပြီး Premiere App ရဲ့ စွမ်းဆောင်ရည်ကို စတင် စမ်းသပ်ကြည့်နိုင်ကြပြီ ဖြစ်ပါတယ်ဗျ။






