Apple ကနေ စက်ရုပ်တီထွင်ဖို့လုပ်

Apple ကနေ စက်ရုပ်တီထွင်ဖို့လုပ်

လက်ရှိ Apple က Innovative အနေနဲ့ Vision Pro ကိုသာ မိတ်ဆက်ထားပေမယ့် တီထွင်မှုအသစ်တစ်မျိုးကိုလည်း လုပ်နေတယ်လို့သိရပါတယ်။ 

ဒီတီထွင်မှုက အနာဂတ်မှာ လူသားအကျိုးပြုလုပ်ငန်းတွေမှာပါဝင်လုပ်ဆောင်ဖို့အတွက် စက်ရုပ်တွေက အသုံးဝင်လာနိုင်တယ်လို့ Ming-Chi-Kuo က ပြောလာတာဖြစ်ပါတယ်။ 

ဒါ့အပြင် Apple က စက်ရုပ်တွေအပြင် လူနဲ့အနီးဆုံးတူတဲ့စက်ရုပ်နဲ့ အိမ်သုံးစက်ရုပ်တွေကို AI နဲ့ဖန်တီးသွားနိုင်တယ်လို့ Kuo ကပြောလာပါတယ်။

နည်းပညာတိုးတက်လာတာနဲ့အမျှ  Apple ကလည်း နည်းပညာနောက်ကိုလိုက်နေသလို ပိုပြီးရှေ့တစ်လှမ်းသာတဲ့ နည်းပညာတွေကို ထုတ်ပြသွားမယ်လို့လည်းသိရပါတယ်။ 

လက်ရှိမှာတော့ စက်ရုပ် Model တွေတည်ဆောက်ဖို့ ကျွမ်းကျင်ပညာရှင်တွေများစွာရှာဖွေနေကြောင်း သိရပါတယ်။ 


Latest