0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
Noraebang ဆိုတာ ဘာလဲ ?
Feb 28, 2025
—
by
Milo Kevin
in
Entertainment
ကိုရီးယားနိုင်ငံက Noraebang တွေကို သွားတာကတော့ ကိုရီးယားရောက်ရင် လုပ်ကြည့်ခဲ့သင့်တဲ့ activites တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုရီးယားမှာ ကျောင်းတက်နေရင်း အလုပ်လုပ်နေရင်း သူငယ်ချင်းတွေနဲ့ အားလပ်ချိန်မှာ ပျော်ပျော်ရွှင်ရွှင်အချိန်ဖြုန်းနိုင်မယ့် နည်းလမ်းတစ်ခုလဲဖြစ်ပါတယ်။
Noraebang ဆိုတဲ့ စကားလုံးက ဘယ်လိုဖြစ်လာတာလဲ ?
ဒီစကားလုံးကို ဘာသာပြန်တဲ့အခါမှာ Norae (노래) က သီချင်းကို ရည်ညွှန်းပြီး Bang (방) ကတော့ အခန်းကို ရည်ညွှန်းတာဖြစ်ပါတယ် ။ ဒါကြောင့် ဒီစကားလုံးနှစ်လုံးကို ပေါင်းလိုက်တဲ့အခါမှာ Noraebang ကတော့ သီချင်းဆိုတဲ့အခန်း၊ ကိုရီးယား version ကာရာအိုကေဘဲ ဖြစ်ပါတယ်။ Noraebang ကတော့ 1990 ခုနှစ်ရဲ့အစောပိုင်းကာလတွေမှာ ကိုရီးယားနိုင်ငံကို ပထမဆုံးဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကိုရီးယားရဲ့ ထိပ်တန်းဖျော်ဖြေရေး နေရာတစ်ခုအဖြစ် ရေပန်းစားလာခဲ့ပါတယ်။
ကိုရီးယားတွင် Noraebang အမျိုးအစားများ
Normal Noraebang
အခန်းခကတော့ တစ်နာရီမှာ ဝမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ လူအရေအတွက် ကန့်သတ်ချက်မရှိပေမယ့်လည်း လူအများကြီးနဲ့ သွားမယ်ဆိုရင်တော့ ပိုကြီးတဲ့ အခန်းလိုအပ်ပြီး ပိုမိုကုန်ကျနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးရီးယားက Noraebang ကတော့ အသက်အရွယ်မရွေး လူကြိုက်များတာကြောင့် ပုံမှန် Noraebang တွေမှာတော့ အရက်ရောင်းချခွင့်မရှိပါဘူး။ ဒါပေမဲ့ သီချင်းဆိုနေတဲ့အချိန်မှာ စားသောက်ဖို့ အချိုရည်တွေ ဒါမှမဟုတ် သရေစာတွေကိုတော့ ဝယ်ယူနိုင်ပါတယ်။
အကြံကောင်းတစ်ခုကတော့ လူသွားအများဆုံး အချိန်မသွားရင်တော့ အခန်းခ သက်သာနိုင်ချေရှိပါတယ်။ ဒါကြောင့် မနက်ပိုင်း ဒါမှမဟုတ် နေ့လည်ပိုင်းလောက်မှာ သွားကြည့်ပါ။ တခါတလေကျရင် ‘ဝန်ဆောင်မှု’ အဖြစ် အချိုရည်များ ဒါမှမဟုတ် အဆာပြေတွေ အခမဲ့ပေးတဲ့ Noraebang တွေလည်းရှိပါတယ်။
Coin Noraebang
နောက်ထပ်လူကြိုက်များတဲ့ Noraebang ကတော့ Coin Noraebang ဖြစ်ပါတယ်။ ဒီဟာက Normal Noraebang ထက် အခန်းနည်းနည်းကျဥ်းပြီး သီချင်းတစ်ပုဒ်ကို အကြွေစေ့ထည့်ပြီး သီဆိုနိုင်တာ ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ကို များသောအားဖြင့် ဝမ် 500 လောက် ကုန်ကျနိုင်ပြီး သီချင်းများများဆိုရင် နည်းနည်း သက်သာနိုင်ပါတယ်။ ဥပမာ သီချင်း ၅ ပုဒ်အတွက် ဝမ် 2,000 ဘဲ ကျပါတယ်။ နာရီအလိုက် ငှားလို့ရပေမယ့်လည်း ဒီလိုသီချင်းတစ်ပုဒ်ချင်း ဆိုတာကတော့ ပိုပြီးတော့တန်ပြီး အကြာကြီးဘဲ ဆိုဆို၊ ခဏလေးဘဲ ဆိုဆို ကိုယ်ကြိုက်သလို ဆိုနိုင်တာကြောင့် ပိုအဆင်ပြေပါတယ်။ ကိုရီးယားက Coin Noraebang မှာ သတိပြုရမည့်အချက်ကတော့ လူမဲ့ဖြစ်နေတာကြောင့် ကိုယ်ဆိုမယ့် သီချင်းအပုဒ်အလိုက် တခါတည်း ငွေထည့်ထားရမှာဖြစ်ပါတယ်။
တခြား Noraebang များ
ကိုရီးယားလူမျိုးတွေမှာ အရက်သောက်တတ်တဲ့ဓလေ့ကတော့ မပါမဖြစ်ပြီး တစ်ပတ်မှာ အနည်းဆုံး တစ်ခေါက်လောက်တော့ သောက်ဖြစ်ကြပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံက Noraebang တွေမှာလဲ အရက်ရောင်းချပေးကြပါတယ်။ Noraebang တိုင်း အရက်သောက်လို့တော့မရဘဲ အရက်သောက်လို့ရပြီး သာမန် Noraebang တို့လို အခန်းခတူတဲ့ Noraebang တွေရှိပါတယ်။
အရက်သောက်လို့ ရတာကြောင့် ကိုရီးယားက အရက်သောက်လို့ရတဲ့ Noraebang တွေမှာ အသက် 19 နှစ်အောက် အရွယ်မရောက်သေးသူတွေကိုတော့ ခွင့်မပြုပါဘူး။ ဒီလို Noraebang တွေကို သွားတဲ့အခါမှာ ဝန်ထမ်းတွေကနေပြီးတော့ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အသက်ပြည့်ပြီးကြောင်းသက်သေခံကတ်ပြား တစ်ခုခုလိုအပ်ပါတယ်။
#korea #myanmar #MyanGoal #noraebang #sing #karaoke #entertainment #activity #thingstodo
Comments
Leave a Reply
Cancel reply
You must be
logged in
to post a comment.
←
Previous:
Part 2 / Busan က စျေးဝယ်ဖို့ အကောင်းဆုံးနေရာများ
Next:
Apple ကနေ စက်ရုပ်တီထွင်ဖို့လုပ်
→
Latest
Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
London မှာလုပ်ခဲ့တဲ့ Galaxy Unpacked ပွဲအပြီး စာနယ်ဇင်းတွေ့ဆုံပွဲမှာ Samsung ရဲ့ ထိပ်ပိုင်းလူကြီးတွေက Galaxy…
Read more
: Galaxy AI ရဲ့ ရှေ့ဆက်သွားမယ့် ၅ နှစ်တာ ဗျူဟာ
စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့…
Read more
: စကော့တလန်နိုင်ငံ Glasgow မြို့ရဲ့ ကောင်းကင်ပေါ်မှာ နဂါးတစ်ကောင် အမှန်တကယ် ပျံသန်းနေတာကို မြင်တွေ့ခဲ့ရလို့ မြို့ခံတွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်
Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
ဒီ Battery နည်းပညာက ဖုန်းတစ်လုံးကို တစ်ကြိမ် အားသွင်းရုံနဲ့ ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပေမဲ့…
Read more
: Silicon Carbon Battery ဆိုတာ ဘာလဲ၊ ဒါဟာ Smartphone Battery သက်တမ်း ပြဿနာတွေအတွက် အဖြေတစ်ခု ဖြစ်လာနိုင်မလား
လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
Facebook မှာ ကိုယ်ဟာ “လူစင်စစ်” ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge လေးတစ်ခု…
Read more
: လူစင်စစ် ဖြစ်ကြောင်း သက်သေပြလို့ရမယ့် အခမဲ့ အမည်းရောင် Badge
OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
OnePlus ဘက်ကနေ အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ထုတ်ကုန်အသစ်တွေ ထပ်မရောင်းတော့ဘဲ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်သလို၊ နောက်ပိုင်း…
Read more
: OxygenOS ကို စွန့်လွှတ်ပြီး OPPO ရဲ့ ColorOS 17 ကိုပဲ ပြောင်းသုံးတော့မယ်
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications
Leave a Reply
You must be logged in to post a comment.