Your cart is currently empty!
Apple နဲ့ပြိုင်ချင်ပေမယ့် Event မှာတင် တိုင်ပတ်သွားတဲ့ Google
Google ကလည်း Apple ကို ပြိုင်လာတာ နှစ်ချီနေပါပြီ။
သိသိသာသာရော မသိမသာပြိုင်လာတဲ့အပြင် Siri နဲ့ Alexa တို့ရဲ့ ပြိုင်တာတွေအထိကို ပေါ်တင်ကြီးတွေ Promote Video တွေနဲ့ Compare လုပ်ပြီးတင်နေတုန်းပါပဲ။
အခုလည်း Apple Intelligence ပေါ်လာပြီးနောက်ပိုင်း Google ကလည်း Made by Google ပွဲမှာ Pixel 9 နဲ့အတူ သူ့မှာ ပါဝင်တဲ့ AI Feature တွေကို မိတ်ဆက်လာခဲ့ပါတယ်။
ဒီမှာဘာတိုင်ပတ်သွားလည်းဆိုရင် မိတ်ဆက်နေတုန်း Sabrina Carpenter ရဲ့ ဆန်ဖရန်စစ္စကို ပွဲကို သွားဖို့ အားမအား ပြက္ခဒိန်ကြည့်ပေးပါ” ဆိုပြီး Schedule ထဲက အချိန်ကို product director က မေးခဲ့ပေမယ့် Gemini demo က fail သွားပြီး မတုံ့ပြန်ခဲ့ပါဘူး။
အဲ့တာနဲ့ နောက်တစ်လုံးကို ယူပြီးစမ်းတာလည်း မရပဲ Fail ဖြစ်သွားတဲ့အပြင် နောက်တစ်လုံးမှာမှ ရသွားတာဖြစ်ပါတယ်။
Gemini AI Assistant ကတော့ အခုဆိုရင် Apple Intelligence မှာပါဝင်တဲ့ ဆင်တူ Feature တွေပါဝင်လာပြီး ဓာတ်ပုံတွေရှာပေးတာ ပုံတွေ ပေါ်က စာတွေကို ပြန် ပြောပေးတာတွေကို မိတ်ဆက်သွားတာပဲဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ Apple ကတော့ Apple ပါပဲ။







Leave a Reply
You must be logged in to post a comment.