Your cart is currently empty!
Apple က Vision Air ကို ဖျက်သိမ်းပြီး Smart Glasses ကို ဦးစားပေးလာ
Apple Vision Pro ရဲ့ နောက်ဆက်တွဲအနေနဲ့ ပိုမိုပါးလွှာ၊ ပေါ့ပါးပြီး စျေးနှုန်းသက်သာတဲ့ Vision Air လို့ခေါ်တဲ့ VR Headset ကို ၂၀၂၇ ခုနှစ်မှာ ထုတ်လုပ်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
သို့သော်လည်း၊ Apple ဟာ ဒီ Vision Air ပရောဂျက်မှာ ပါဝင်တဲ့ အင်ဂျင်နီယာတွေကို Smart Glasses (စမတ်မျက်မှန်) ပရောဂျက်ဆီကို လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
ဒီလုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် Apple ဟာ လက်ရှိမှာ Meta ရဲ့ AI ပါဝင်တဲ့ Ray-Ban မျက်မှန်တွေနဲ့ အပြိုင် Smart Glasses တွေကို လိုက်လံထုတ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
Apple Smart Glasses မှာ ဘာတွေ ပါဝင်မလဲ
စိတ်မကောင်းစရာ သတင်းတစ်ခုကတော့ Apple ရဲ့ ပထမမျိုးဆက် Smart Glasses တွေဟာ Meta ရဲ့ နောက်ဆုံးထွက် Ray-Ban Glasses တွေလို Display (မျက်နှာပြင်) ပါဝင်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် Meta ရဲ့ မျက်မှန်များလိုမျိုး AI Feature များ၊ Camera များနဲ့ အဆင့်မြင့် Audio စွမ်းဆောင်ရည်များလည်း ချက်ချင်းပါဝင်လာဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ Apple ရဲ့ အာရုံစိုက်မှုက VR Headset တွေကနေ Smart Glasses ဘက်ကို ပြောင်းသွားပြီဆိုတာကိုတော့ အခိုင်အမာ တွေ့မြင်ရပါတယ်။






