Apple ဖိတ်စာ (သို့မဟုတ်) Apple Invite App
Apple Invite App ကိုတော့ ပြီးခဲ့တဲ့ အပတ်က ထုတ်လုပ်ခဲ့တဲ့ Application တစ်ခုဖြစ်ပြီး ဒီ App နဲ့ဆို ဖိတ်စာလေးတွေ လုပ်ပြီးပေးပို့လို့ရနိုင်မှာဖြစ်ပါတယ်။
ဖိတ်စာလုပ်ပြီး ပို့ဖို့အတွက်ကတော့ iCloud + ဝယ်ထားရမှာဖြစ်ပြီး 5$ လောက်နဲ့ ဝယ်လို့ရနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ဖိတ်စာလက်ခံမယ့်သူတွေကတော့ iCloud + ဝယ်ထားဖို့တော့ မလိုပါဘူးနော်။
ဒီ App ထဲမှာဆိုရင် ဖိတ်မယ့်အကြောင်းအရာ Title စာတွေရေးပြီး Photo Album လေးတွေ Share ပေးလို့ရတဲ့အထိလုပ်လို့ရနိုင်ပါတယ်။
တော်တော်လေးမိုက်ပြီးအသုံးတည့်မယ့် Feature ဖြစ်လို့ စမ်းကြည့်လိုက်တော့နော်။







Leave a Reply
You must be logged in to post a comment.