Galaxy S25 မှာပါဝင်တဲ့ AI Assistant နဲ့ပတ်သက်ပြီး သိထားရသမျှ

Galaxy S25 မှာပါဝင်တဲ့ AI Assistant နဲ့ပတ်သက်ပြီး သိထားရသမျှ

Samsung ကတော့ Galaxy Unpacked ပွဲမှာ Galaxy S25၊ S25+ နဲ့ S25 Ultra တို့ပါဝင်တဲ့ Galaxy S25 စီးရီးကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုမိတ်ဆက်ပြီးနောက်မှာတော့ အထူးဒီဇိုင်းထုတ်ထားတဲ့ အမိုက်စား Snapdragon 8 Elite Mobile Platform နဲ့ အလုပ်လုပ်မယ့်  Samsung ရဲ့ ပထမဆုံး multimodal AI assistant ကိုပါထည့်သွင်းပြီးကြေညာခဲ့ပါတယ်။ ဒါ့အပြင် One UI 7 က ကောင်းကောင်း အလုပ်လုပ်မှာဖြစ်ပြီး  OS အပါအဝင် Security Update တွေကို ခုနစ်နှစ်ထိ ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Samsung ကလည်းပွဲမှာ AI နဲ့ပတ်သက်တာတွေကြီးပဲ အများကြီး ထည့်ကြေညာသွားတာဆိုတော့ သူ့ AI က အမွှန်းတင်ထားသလို ဘာတွေ ကောင်းလည်း ကြည့်လိုက်ရအောင်။

• Voice-Activated Task Execution Feature

အရင်တုန်းက Feature တွေကို တစ်ဆင့်မြှင့်ပေးလိုက်တဲ့ထဲမှာ Voice-Activated Task Execution  Feature လည်းပါဝင်လာပါတယ်။ ဒီ Feature က အသံနဲ့ ခိုင်းတာတွေ ကို App တွေထဲအထိကို အသုံးပြုလို့ရနိုင်အောင်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဥပမာ ဒီနေ့ အားကစားလုပ်စရာရှိတာမျိုးဆိုရင် Calendar မှာ Add ထားတဲ့အထိကို အသံနဲ့ခိုင်းလို့ရနိုင်မှာဖြစ်ပါတယ်။

• Circle to Search Upgrade

စက်ဝိုင်းဝိုင်းလိုက်တာနဲ့ ရှာဖွေတာတွေကို S24 မှာလည်းတွေ့ခဲ့ရပေမယ့် S25 မှာတော့ အသံတွေက အစ ရှာဖွေတာမျိုးတွေလုပ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ ဇာတ်ကားတစ်ကားမှာ မတူညီတဲ့ Soundtrack တွေကို ရှာပေးနိုင်တဲ့အထိကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

• Real-Time Translation and Call Summaries

Real-Time Translation က အခုဆိုရင် ဘာသာစကား ၂၀ ကျော် အသုံးပြုလို့ရနိုင်အောင်လုပ်ထားပြီး ဘာသာစကားအခက်အခဲရှိသူများအတွက် အဆင်ပြေအောင်လုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းခေါ်ဆိုမှတ်တမ်းတွေကိုလည်း အကျဥ်းချုပ်ပေးမှာဖြစ်တဲ့ Call Summaries လည်း ပါဝင်လာတာဖြစ်ပါတယ်။

ဒီ Feature တွေကတော့ AI နဲ့ပတ်သက်ပြီးပြောင်းလဲမှုတွေအများကြီးလုပ်ထားတဲ့ Feature တွေပဲဖြစ်ပါတယ်။ တခြားကျန်နေသေးတဲ့ Feature တွေကိုလည်း တင်ပေးသွားမှာဖြစ်လို့ MyanGoal Page လေးကို စောင့်ကြည့်ပေးဖို့ မမေ့နဲ့ဦးနော်။


Latest