Gen Z တွေက မိဘတွေထက် IQ နိမ့်ကျသွားတဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာနေပြီလား? 

Gen Z တွေက မိဘတွေထက် IQ နိမ့်ကျသွားတဲ့ ပထမဆုံးမျိုးဆက် ဖြစ်လာနေပြီလား? 

“သားသမီးဆိုတာ မိဘထက် တစ်ဆင့်သာရမယ်” ဆိုတဲ့စကားက Gen Z (၁၉၉၇ – ၂၀၁၂ မွေးဖွားသူများ) ကျမှ ပြောင်းပြန်ဖြစ်တော့မယ့် အခြေအနေ ရောက်နေပါပြီ။

အမေရိကန်က အာရုံကြောပညာရှင် ဒေါက်တာ Jared Cooney Horvath ကတော့ Gen Z တွေဟာ အရင်မျိုးဆက်တွေထက် ကျောင်းတွေ ပိုတက်ခဲ့ရပေမယ့်၊ တကယ့်လက်တွေ့ ဉာဏ်ရည်ဉာဏ်သွေး (Cognitive skills) မှာတော့ သိသိသာသာ လျော့နည်းလာတယ်လို့ သတိပေးလိုက်ပါတယ်။

ဘယ်သူ့ကြောင့် ဒီလိုဖြစ်ရတာလဲ? 🤔 တရားခံကတော့ တခြားသူမဟုတ်ပါဘူး… ကျွန်တော်တို့ လက်ထဲက “စမတ်ဖုန်း” နဲ့ “ဒီဂျစ်တယ် နည်းပညာ” တွေပါပဲ။ ဒေါက်တာ Horvath ရဲ့ အဆိုအရ –

ဆယ်ကျော်သက်တွေဟာ နိုးနေတဲ့အချိန်ရဲ့ ထက်ဝက်လောက်ကို ဖုန်း Screen ကြည့်ရင်း ဖြုန်းနေကြတယ်။

ဦးနှောက်ဟာ အချင်းချင်း စကားပြောပြီး လေးလေးနက်နက် သင်ယူဖို့ ဖန်တီးထားတာဖြစ်ပေမယ့် အခုတော့ ဖုန်းပေါ်က အတိုအစ (Short contents) တွေကိုပဲ လိုက်ဖတ်ရင်း အာရုံစိုက်နိုင်စွမ်း (Attention Span) တွေ ပျောက်ဆုံးကုန်ကြပြီ။

ရလဒ်က ဘာဖြစ်မလဲ? စာဖတ်တာ၊ အချက်အလက် မှတ်သားတာနဲ့ ပြဿနာဖြေရှင်းတဲ့နေရာတွေမှာ ဦးနှောက်က အားနည်းလာပါတယ်။ နည်းပညာကို အလွန်အကျွံ အားကိုးလေလေ၊ ကိုယ့်ရဲ့ ပင်ကိုယ်အရည်အချင်းတွေက နိမ့်ကျလာလေလေပါပဲ။

ဒါကြောင့် အခုကစပြီး ဖုန်း Screen ကို ခဏချထားပြီး ဦးနှောက်ကို အနားပေးဖို့၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်လောက်ကို အာရုံစိုက်ဖတ်ကြည့်ဖို့ လိုနေပြီနော်။


Latest