Gmail အသုံးပြုသူတွေ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရတဲ့ “Gmail လိပ်စာ ပြောင်းလဲခြင်း” ဝန်ဆောင်မှုကို Google က အခုဆိုရင် တရားဝင် စတင်လိုက်ပြီ ဖြစ်ပါတယ်။ အရင်ကဆိုရင် Gmail လိပ်စာတစ်ခုကို တစ်ခါပေးပြီးရင် ပြန်ပြင်လို့မရဘဲ အသစ်ပြန်ဖွင့်ရတဲ့ ဒုက္ခကနေ အခုတော့ ကင်းဝေးခွင့် ရကြတော့မှာပါ။
ဒီစနစ်သစ်အရ ကိုယ့်ရဲ့ လက်ရှိ Gmail လိပ်စာကို နာမည်အသစ်တစ်ခုနဲ့ အလွယ်တကူ အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ လိပ်စာအသစ် ပြောင်းလိုက်ပေမဲ့လည်း လိပ်စာဟောင်းဆီကို ပို့သမျှ Email တွေကလည်း ကိုယ့်ဆီကိုပဲ ပုံမှန်အတိုင်း ဆက်လက်ရောက်ရှိနေမှာ ဖြစ်တာကြောင့် အဆက်အသွယ် ပြတ်တောက်သွားမှာကို စိုးရိမ်စရာ မလိုပါဘူး။
ဒါပေမဲ့ ဒီလိုပြောင်းလဲမှုကို စိတ်ကြိုက် ခဏခဏ လုပ်လို့မရဘဲ အကောင့်တစ်ခုရဲ့ သက်တမ်းတစ်လျှောက်မှာ အကန့်အသတ်နဲ့သာ ခွင့်ပြုထားတာကြောင့် လိပ်စာအသစ် ရွေးချယ်တဲ့အခါမှာတော့ သေချာစဉ်းစားပြီးမှ ပြောင်းလဲဖို့ တိုက်တွန်းချင်ပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံက အကောင့်အချို့မှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပြီး တခြားနိုင်ငံတွေဆီကိုလည်း အဆင့်ဆင့် တိုးချဲ့ပေးသွားမှာပါ။
တကယ်လို့ သင့်အကောင့်ရဲ့ Settings ထဲမှာ ဒီ Feature လေးကို မတွေ့သေးဘူးဆိုရင်လည်း Google ရဲ့ Rollout စနစ်အရ အချိန်အနည်းငယ် စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ မကြာခင်မှာ အားလုံးရဲ့ ဖုန်းတွေထဲကို ရောက်ရှိလာတော့မှာဖြစ်လို့ ခဏလေးတော့ စိတ်ရှည်ပေးကြပါဦးနော်






