Your cart is currently empty!
ကိုရီးယား Series တစ်ခုဖြစ်တဲ့ Squid Game Season 2 က မနေ့ ဒီဇင်ဘာ ၂၆ ရက်က Netflix မှာ စတင်ပြသခဲ့ပြီးမှာတော့ ကမ္ဘာတဝန်းစောင့်ကြည့်ရှုမှုအများဆုံးဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဒီ Series ဟာ ၇ ပိုင်းပါဝင်ပြီး ၇ ပိုင်းလုံးမှာတော့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Game တွေပေါ်လာပေမယ့် အရင် Season 1 လောက်တော့ သိပ်ပြီး ထူးခြားနေတယ် မခံစားရဘူးလို့ ကြည့်ပြီးတဲ့သူတွေစီက Review ကြားရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်မှာ Squid Game ရဲ့ ဇာတ်ကောင် Gogowa အရုပ်ကြီး နဲ့ ဂိမ်းဇာတ်ကောင်တွေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကျောက်ဖရားမြစ်တစ်လျှောက် မှာ သင်္ဘောနဲ့တင်ဆောင်ပြီး ပရိုမိုးရှင်းဆင်းခဲ့ပါတယ်။
ဒီ Promotion ကိုတော့ ထိုင်း Agency တစ်ခုက စီစဥ်ခဲ့တာဖြစ်ပြီး ဒီ အစီအစဥ်ကို တခြား နိုင်ငံတွေကပါ လိုက်လုပ်တဲ့အထိကို Trend ဖြစ်ခဲ့တာပါ။
Leave a Reply
You must be logged in to post a comment.