ထူးထူးခြားခြား Korean Valentine’s Day

ထူးထူးခြားခြား Korean Valentine’s Day
ကိုရီးယားမှာ ကျင်းပတဲ့ Valentine’s Day ကတော့ ကမ္ဘာတဝှမ်းမှာ ကျင်းပလေ့ရှိတဲ့ Valentine’s Day နဲ့ အနည်းငယ် ကွဲပြားမှုရှိပါတယ်။ အဲ့ဒါကတော့ တခြားအနောက်နိုင်ငံတွေမှာ Valentine’s Day ကို ကျင်းပကြသလို အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆောင်ပေးတာမျိုးမဟုတ်ဘဲ အမျိုးသမီးတွေက အမျိုးသားတွေကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအနေနဲ့ ချောကလက်တွေ၊ လက်ဆောင်တွေ ပေးကြတာဖြစ်ပါတယ်။
ဒါပေမဲ့ ယောကျာ်းလေးတွေအနေနဲ့ လက်ဆောင်ပြန်ပေးတာကတော့ မတ်လ 14 ရက် ချစ်သူများနေ့အပြီး တစ်လအကြာမှာ ပေးတာဖြစ်ပါတယ်။ အဲ့ဒီ့နေ့ကို တောင်ကိုရီးယားမှာ White Day ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနေ့မှာ Valentine’s Day လိုမျိုးဘဲ အမျိုးသားတွေက အမျိုးသမီးတွေကို ချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအနေနဲ့ ချောကလက်တွေ၊ လက်ဆောင်တွေပြန်ပေးကြတာ ဖြစ်ပါတယ်။ ဒီ White Day ကိုတော့ ဂျပန်နိုင်ငံမှာ လွန်ခဲ့သော 35 နှစ်ကျော်လောက်ကတည်းက ကျင်းပခဲ့တာဖြစ်ပြီး တောငိကိုရီးယားမှာလဲ ကျင်းပလာတာ ဖြစ်ပါတယ်။
စုံတွဲတွေဟာ ဖေဖော်ဝါရီ ၁၄ ရက်နဲ့ မတ်လ 14 ရက်တွေမှာ ချိန်းတွေ့ကြပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရနေ့အဖြစ် ဖန်တီးနိုင်ဖို့အတွက် နာမည်ကြီးနေရာတွေ၊ တခြား activities တွေလဲ ပြုလုပ်ကြတဲ့ နေ့တစ်နေ့လဲ ဖြစ်ပါတယ်။ ဒီလိုနေ့တွေမှာ ချစ်ခြင်းမေတ္တာတွေကို ပိုမိုခိုင်မြဲစေဖို့အတွက် handmade couple rings ‌တွေလဲ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဖိုးကြီး စိန်လက်စွပ်တွေမျိုးတွေ မဝယ်နိုင်သေးခင် ဒီလို budget သင့်တင့်တဲ့ handmade couple rings တွေ ပြုလုပ်ပြီး အမှတ်တရတွေ ဖန်တီးကြပါတယ်။ Handmade couple rings ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ နေရာတွေ အများကြီး ရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ပုံစံကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ချစ်သူများနေ့မှာ ချိန်းတွေ့ကြပြီဆိုရင် မပါမဖြစ်ကတော့ Namsan တောင်က
N Seoul Tower နဲ့ ဟန်မြစ်ဘေးနားတဝိုက်မှာရှိတဲ့ romantic ဆန်တဲ့ နေရာတွေ၊ ပန်းခြံတွေဘဲ ဖြစ်ပါတယ်။ ဒီနေရာတွေဟာ ချစ်သူများနေ့မှာ စုံတွဲတွေများစွာနဲ့ စည်ကားလျက်ရှိပါတယ်။ ဟန်မြစ်ဘေးတလျှောက် နေဝင်ချိန်ကို ခံစားကြည့်ရှုရင်း လမ်းလျှောက်ဖို့ကတော့ စုံတွဲအနေနဲ့ မဖြစ်မနေ ပြုလုပ်ကြလေ့ရှိပါတယ်။
ဒါ့အပြင် Namsan တောင်က N Seoul Tower ပေါ်မှာ ဆိုးလ်တစ်မြို့လုံးရဲ့ အပေါ်စီးရှုခင်းကို ခံစားနိုင်တဲ့အပြင် ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲစေဖို့ သော့တွဲတွေ ခတ်လေ့ရှိကြပါသေးတယ်။ စုံတွဲတွေဟာ သော့တွဲပေါ်မှာ ကိုယ့်ရဲ့နာမည်ကိုယ်စီ ရေးကြပြီး သော့ခတ်ပြီးသွားပြီ ဆိုရင်တော့ သော့တံကို လွှင့်ပစ်လိုက်ကြတာဘဲ ဖြစ်ပါတယ်။ ဒီလိုမျိုးတွေဟာ ကိုရီးယားဒရာမာတွေထဲမှာလဲ romantic ဆန်ဆန် ထည့်သွင်းရိုက်ကူးလေ့ ရှိပါတယ်။ Photo booth တွေမှာလဲ အမှတ်တရ ကျန်ခဲ့စေဖို့ ရိုက်ကူးလေ့ရှိပါသေးတယ်။
#valetinesday #myangoal #festival #Myanmar #korea


Latest