iOS 27 ထဲမှာ Apple ဝှက်ထားတဲ့ Dogcow (Moof!) Easter Egg အကြောင်း

iPhone မှာ iOS 27 တင်ထားရင် Apple က ပျော်စရာ Easter Egg လေးတစ်ခု ထည့်ပေးထားတာကို ရှာတွေ့နိုင်ပါတယ်။

Settings app ကိုဖွင့်ပြီး Appearance ➝ Liquid Glass ထဲကို ဝင်လိုက်ပါ။ “Welcome to Apple Park” ဆိုတဲ့ နမူနာပုံတွေရဲ့ အောက်ဆုံးထိ ဆွဲဆင်းသွားပြီး နောက်ဆုံးပုံ ရောက်တဲ့အခါ လက်ချောင်းနဲ့ အပေါ်ကို ဆက်ပြီး ဆွဲတင်ပေးနေလိုက်ပါ။ Search bar ပေါ်မှာ “Moof!” ဆိုတဲ့ စာသားလေး ပေါ်လာပြီး ပုံပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

Clarus (Dogcow) ဆိုတာ ဘာလဲ?

ဒီကောင်လေးရဲ့ နာမည်က Clarus ပါ။ ရှေးခေတ် Mac OS မှာ စာရွက်ပေါ် ပရင့်ထုတ်ရင် ဘယ်ဘက်လှည့်မလဲဆိုတာ ပြသဖို့ သုံးခဲ့တဲ့ နာမည်ကြီး Dogcow (ခွေးနဲ့နွား ပေါင်းထားတဲ့ပုံ) ရဲ့ bitmap ပုံရိပ်လေးဖြစ်ပါတယ်။ ၁၉၈၄ တုန်းက မူရင်း Mac မှာပါတဲ့ Cairo dingbat font အတွက် Susan Kare ဖန်တီးခဲ့တဲ့ ပုံလေးကနေ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Apple Developer Technical Support ရဲ့ တရားဝင် Mascot ဖြစ်လာခဲ့တာပါ။

Apple ကုမ္ပဏီ စတင် တည်ထောင်စတုန်းက Mac developer တွေဟာ Software တွေထဲမှာ ဒီလို ပျော်စရာ Easter Egg လေးတွေ ခကြာခဏ ဝှက်ထားလေ့ ရှိပေမဲ့ ခုနောက်ပိုင်းမှာတော့ သိပ်မတွေ့ရတော့ပါဘူး။ အခုလို အံ့အားသင့်စရာလေးတွေ တွေ့ရသေးတယ်ဆိုရင်တောင် ခပ်ဆန်းဆန်း မဟုတ်တော့ဘဲ Apple ရဲ့ မူလခြေလှမ်းတွေကို ပြန်လှည့်ကြည့်တဲ့ အထိမ်းအမှတ်အဖြစ် အသိအမှတ်ပြုထားတာမျိုးပါ။ စိတ်ဝင်စားရင် macOS ထဲမှာလည်း နှစ်တွေနဲ့အမျှ ရှာတွေ့ထားတဲ့ Easter Egg တွေ ရှိပါသေးတယ်။


Latest