iPhone သုံးသူတိုင်း သိထားသင့်တဲ့ အသုံးဝင်ဆုံး Feature များ

iPhone သုံးသူတိုင်း သိထားသင့်တဲ့ အသုံးဝင်ဆုံး Feature များ
ဖုန်းသုံးနေတုန်း ထစ်နေရင်
တစ်ခါတစ်လေ Game ကစားတာ၊ Fb ပွတ်တာမျိုးတို့မှာ ဖုန်းက ထစ်နေတာ Lags နေတာမျိုးဆိုရင် ဖုန်းလေးကို Restart ချပေးလိုက်ပါ။
Restart ချတာက Data ပျက်မှာ မဟုတ်ပါဘူး။
Android မှာခေါ်သလို Reboot လုပ်လိုက်တဲ့သဘောပါ။ စက်ကိုပိုပြီး မြန်မြန်သုံးချင်ရင်တော့ တစ်ပတ် တစ်ခါတော့ Restart လုပ်ပေးပါ။
ဖုန်းမှောင်သွားရင်
နေပူထဲ ဖုန်းသုံးတာတို့ လင်းအားပြင်းတဲ့ နေရာတွေမှာ ဖုန်းသုံးရင်း ရုတ်တရက်မှောင်သွားတို့ဆိုရင် Settings > Accessibility > Display & Text Size > Auto-Brightness ကို ပိတ်ထားလိုက်တာနဲ့ အဆင်ပြေပြီနော်။
Lock Screen က Control Center ပိတ်နည်း
တစ်ခါတစ်လေ ကိုယ့် iPhone ကို Lock လုပ်ထားရင်တောင် တခြားသူတစ်ယောက်ယောက် လာပြီး ဖုန်းရဲ့ Control Center ကို ကလိနေမယ်ဆိုရင် Settings > Face ID & Passcode > Allow Access When Locked > Control Center ကို ပိတ်ထားလိုက်တာနဲ့ ရပါပြီ။
ဒီသုံးချက်က iPhone User တွေ အဖြစ်များတာမို့လို့ သေချာလေး မှတ်ထားပြီး စမ်းကြည့်ဖို့ အကြံပေးပါတယ်။ တခြား အဆင်မပြေတာတွေ ရှိရင် Comment မှာ မေးသွားနိုင်ပါတယ်နော်။

Latest