Your cart is currently empty!
iPhone တွေဟာ EU Region တွေအတွက် iOS 18 နဲ့အတူ Original App တွေဖြစ်တဲ့ iMessage, App Store, Photo အပြင် Camera လို Default App တွေကို ဖျက်ပစ်လို့ရတော့မယ်လို့ သတင်းတွေထွက်လာပါတယ်။
ဒီလိုမျိုးလုပ်ခဲ့ရင် EU အတွက် သီးသန့်ဖြစ်မှာဖြစ်ပြီး EU က App တွေကို User စိတ်ကြိုက် Third Party App တွေကိုလည်း ရွေးချယ် အသုံးပြုလို့ရနိုင်အောင်လုပ်ပေးတဲ့ သဘောလို့လည်း ပြောထားပါတယ်။
ဒါ့အပြင် App Store တို့လို App တွေကိုပါဖျက်လို့ရနိုင်မှာဖြစ်ပြီး Third Party App Store တွေလည်း ခွင့်ပြုပေးတော့မှာဆိုတော့ Apple Device တွေဟာ ကြာလာရင်ပင်ကို မူတစ်ခုပျောက်လာမယ်လို့ မြင်လာမိပါတယ်။
အခုဆိုရင် Safari ကနေ App တွေကို Install လုပ်လို့ရနိုင်အောင်လုပ်ပေးထားတာကလည်း iPhone User တွေအတွက် မသင့်တော်သလို Mareware အတွက် အများကြီးထိခိုက်လာမှုတွေရှိလာနိုင်တဲ့အပြင် User Data တွေကို Ananlysis မလုပ်နိုင်တဲ့အထိကို ဖြစ်လာနိုင်ပါတယ်။
ဒါကတော့ EU အတွက် ဖြစ်လာဖို့များပြီး အာရှဘက်မှာတော့ ပြောင်းလဲမှာ မဟုတ်သေးဘူးလို့တော့သိရပါတယ်။
Leave a Reply
You must be logged in to post a comment.