Your cart is currently empty!
PayPay ကို ကိုရီးယားနိုင်ငံတွင် စတင်အသုံးပြုနိုင်ပြီ
ဂျပန်နိုင်ငံမှာ လူသုံးအများဆုံး စမတ်ဖုန်း ငွေပေးချေမှု App တစ်ခုဖြစ်တဲ့ PayPay ကို ယခုအခါ ကိုရီးယားနိုင်ငံမှာပါ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ကိုရီးယားဟာ ဂျပန်ပြင်ပမှာ PayPay ကို ပထမဆုံးအသုံးပြုခွင့်ရတဲ့ နိုင်ငံဖြစ်လာပါတယ်။
ဒီ feature ကြောင့် ဂျပန်ခရီးသွားများအတွက် ကိုရီးယားမှာ ဈေးဝယ်ဖို့ အလွန်အဆင်ပြေလာပါပြီ။
ငွေပေးချေတဲ့အခါ ဂျပန်ယန်း (¥) နဲ့ ဘယ်လောက်ကျသင့်တယ်ဆိုတာကို ချက်ချင်း သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် AliPay လက်ခံတဲ့ ဆိုင်တိုင်းမှာ PayPay ကို အသုံးပြုပြီး ငွေပေးချေနိုင်ပါတယ်။
PayPay သုံးစွဲသူအချင်းချင်း App အတွင်း ငွေလွှဲပြောင်းခြင်း (Transfer) ကိုလည်း ပြုလုပ်နိုင်တာကြောင့် PayPay သုံးသူတွေအတွက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသားတွေ ကိုရီးယားကို ခရီးသွားတဲ့အခါ ငွေကြေးကိစ္စအတွက် ပူပန်စရာမလိုဘဲ လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်မယ့် ခေတ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။