Pixel Al ထက်ပိုမိုက်တဲ့ Apple Intelligence

Google Pixel 9 ထက် AI မှာ နှာတစ်ဖျားသာနေတဲ့ Apple Intelligence
Apple က ပြီးခဲ့တဲ့ အပတ်တုန်းက iOS 18 ရဲ့ Developer Beta 2 ကို ထုတ်ပေးလိုက်ပြီး Apple intelligence ကို အဆင့်မြှင့်တင်မှုတွေ ပိုလုပ်
ပေးလိုက်ကြောင်းပါပြောလိုက်ပါတယ်။
ပြီးတော့ Clean Up လို Feature မှာ ပုံတွေဖျက်တဲ့အခါ Google Pixel 9 ထက်ကို ပိုပြီး သပ်ရပ်တဲ့အပြင်ကိုမှ ပုံလေးတွေ ဖျက်လိုက်ရင် အစားထိုးဖို့ အရာတွေထည့်ပေးတာကလည်း တော်တော်လေးကို မိုက်နေတာကို တွေ့ရပါတယ်။
ပြောရရင်တော့ Apple Intelligence က သီးသန့် ထွက်လာတာဖြစ်တဲ့အပြင် Apple က အချိန်အများကြီးယူထားပြီး ပြင်ဆင်ထားတဲ့ AI တစ်မျိုးဖြစ်တာကြောင့် အခုလိုအချိန်မှာတော့ Apple Intelligence ကိုတော့ ဘယ် AI ကမှ ယှဥ်လို့ရနိုင်ဦးမယ်မထင်ပါဘူး။
Clean Up Feature နဲ့ ကိုယ်ရိုက်ထားတဲ့ ပုံလေးတွေမှာ နောက်ခံလူတွေ ရှုပ်နေတာနဲ့ မလိုချင်တဲ့အရာတွေ ပါနေရင်အလွယ်တကူ လက်လေးနဲ့ ထောက်ပြီး ဖျက်လိုက်ရုံပါပဲ။
တော်တော်လေးမိုက်လို့ Official ထွက်တဲ့အခါ စမ်းကြည့်ရဦးမယ့် Feature တစ်ခုဖြစ်လာဦးမှာပါ။

Latest