Your cart is currently empty!

Samsung ရဲ့ ခေါက်လို့ရတဲ့ ဖုန်းတွေဖြစ်တဲ့ Galaxy Z Flip 7 နဲ့ Galaxy Z Fold 7 မိတ်ဆက်
Samsung ရဲ့ ခေါက်လို့ရတဲ့ ဖုန်းတွေဖြစ်တဲ့ Galaxy Z Flip 7 နဲ့ Galaxy Z Fold 7 ကို ဇူလိုင်လ ၉ ရက်နေ့က နယူးယောက်မြို့ Brooklyn မှာကျင်းပတဲ့ Galaxy Unpacked 2025 ပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး ဒီနှစ်မှာ အဓိကထူးခြားတဲ့ Feature အသစ်တွေကို ယူဆောင်လာခဲ့ပါတယ်။
Galaxy Z Fold 7 မှာပြောင်းလဲသွားတဲ့ အကောင်းဆုံး Feature တွေဆိုရင်
- ပိုပါး၊ ပေါ့ပါးတဲ့ ဒီဇိုင်းအသစ်
Galaxy Z Fold 7 ဟာ အရင်မျိုးဆက်တွေထက် ပိုပါးပြီး ပေါ့ပါးတယ်လို့ ဆိုပါတယ်။ ဖုန်းကို ဖွင့်ထားတဲ့အခါ ၄.၅ မီလီမီတာပဲ ထူပြီး ခေါက်ထားတဲ့အခါ ၁၃.၇ မီလီမီတာပဲ ရှိပါတယ်။ ဒီ ဒီဇိုင်းက သယ်ယူရတာ ပိုအဆင်ပြေတယ်လို့သိရပါတယ်။
- ပိုကြီးလာတဲ့ မျက်နှာပြင်
အပြင်ကာဗာမျက်နှာပြင်က ၆.၅ လက်မအထိ ကြီးလာပြီး ၂၁:၉ အချိုးနဲ့ ပိုကျယ်လာတယ်။ အတွင်းခေါက်မျက်နှာပြင်ကတော့ ၈ လက်မအထိ တိုးလာပြီး ပိုမိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ပေးစွမ်းတယ်။ ဒါက ဗီဒီယိုကြည့်တာ၊ ဂိမ်းကစားတာ၊ အလုပ်လုပ်တာတွေမှာ ပိုအဆင်ပြေစေမှာပါ။
- ပိုမိုကောင်းမွန်တဲ့ Camera
Main Camera က 200MP အထိ အဆင့်မြှင့်ထားပြီး ပိုမိုကောင်းမွန်တဲ့ ပုံထွက်တွေကို ရရှိအောင်ဖန်တီးပေးမှာပါ။ ဒါ့အပြင် အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာတောင် ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိအောင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
- အဆင့်မြှင့်ထားတဲ့ AI စွမ်းရည်များ
Gemini Live AI လုပ်ဆောင်ချက်က ဖုန်းရဲ့ ကင်မရာက မြင်နေရတာတွေကို ခွဲခြမ်းစိတ်ဖြာပြီး တုံ့ပြန်နိုင်ပါတယ်။ ဒါ့အပြင် Now Brief လို့ခေါ်တဲ့ Feature က iPhone ရဲ့ Dynamic Island နဲ့ ယှဉ်ပြိုင်နိုင်တဲ့ ကျန်းမာရေးအချက်အလက်၊ Music Control၊ App တွေရဲ့ Update တွေကို အချိန်နဲ့တပြေးညီ ပြသပေးမှာဖြစ်ပါတယ်။
- ပိုမိုအားကောင်းတဲ့ Battery
ဘက်ထရီပမာဏက ၄,၂၇၂ မီလီအမ်ပီယာရှိပြီး အားတစ်ခါသွင်းရင် ၄၀ နာရီနဲ့ ၂၈ မိနစ်အထိ သုံးနိုင်တယ်လို့ ဆိုထားပါတယ်။
Galaxy Z Flip 7 မှာဆိုရင်
- ပိုကြီးတဲ့ မျက်နှာပြင်နှစ်ခု
အပြင် Cover မျက်နှာပြင် (FlexWindow) က ၄.၁ လက်မအထိ ကြီးလာပြီး ၁၂၀Hz Refresh နဲ့ 2,600 Nits နဲ့ အလင်းအမှောင်ကို ထိန်းပေးပါတယ်။ အတွင်းမျက်နှာပြင်ကတော့ ၆.၉ လက်မ 120Hz AMOLED ဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ Experience ကို ပေးစွမ်းမှာဖြစ်ပါတယ်။ ဒါက ဖုန်းကို မဖွင့်ပဲ အသုံးပြုတဲ့အခါ အဆင်ပြေစေပါတယ်။
- ပိုကြီးတဲ့ ဘက်ထရီ
Battery က ၄,၃၀၀ အထိရှိပြီး အားတစ်ခါသွင်းရင် ၄၂ နာရီနဲ့ ၄ မိနစ်အထိ သုံးနိုင်တယ်လို့ ဆိုပါတယ်။ - ကင်မရာစွမ်းရည်
Main Camera ကို 50MP နဲ့ 12MP က Ultra Wide နဲ့ FlexCam နည်းပညာနဲ့ ဖုန်းကို မဖွင့်ပဲ ဆယ်လ်ဖီရိုက်တာ၊ ဗီဒီယိုရိုက်တာတွေ လုပ်နိုင်ပါတယ်။
- အရောင်တွေအနေနဲ့
Coral Red, Jet Black, Blue Shadow နဲ့ Mint အရောင်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။
Galaxy Z Flip 7 FE (Fan Edition)
Samsung က ဒီနှစ်မှာ ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ Galaxy Z Flip 7 FE ကိုပါ မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းက Z Flip 6 ကို ပြန်လည်ဖန်တီးထားတဲ့ Version ဖြစ်ပြီး Battery က ၃၇ နာရီအထိ သုံးနိုင်တယ်လို့ ဆိုပါတယ်။ ဒါက ဈေးသက်သာတဲ့ ခေါက်ဖုန်းရွေးချယ်မှုတစ်ခုဖြစ်လာမှာပါ။
ဒါတွေကတော့ လက်ရှိမိတ်ဆက်သွားတဲ့ Galaxy Unpacked 2025 ရဲ့ အထူးခြားဆုံး Products တွေပဲဖြစ်ပါတယ်။
မကြာခင် MyanGoal မှာလည်းဝယ်ယူနိုင်တော့မှာဖြစ်လို့ ဝယ်ယူချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်တော့နော်။





