0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
ဘူဆန်မြို့ရဲ့ ဆောင်းရာသီ outdoor activities
Jul 10, 2025
—
by
Milo Kevin
in
Travel
ကိုရီးယားရဲ့ ဆောင်းရာသီကတော့ ရာသီဥတုကြမ်းတာမလို့ အရမ်းအေးပါတယ်။ ဆိုးလ်မြို့ကို အလည်အပတ် သွားမယ်ဆိုရင်လဲ -10 ကနေ -20 ဒီဂရီစင်တီဂရိတ် လောက်ရှိပါတယ်။ ကိုရီးယားမှာအေးမြတဲ့ ဆောင်းရာသီကို ထူးထူးခြာခြား ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဘူဆန်ကို သွားကြည့်သင့်ပါတယ် ။ Busan မှာ ဆောင်းရာသီဆိုရင် ပွဲတော်တွေအပြင် indoor, outdoor activities မျိုးစုံလဲ ရှိတာမလို့ လာရောက်လည်ပတ်ဖို့ ရေပန်းစားပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ MyanGoal – Travel ကနေပြီးတော့ ဘူဆန်မြို့ရဲ့ ဆောင်းရာသီ outdoor activities တွေကို ပြောပြပေးသွားမှာဘဲ ဖြစ်ပါတယ်။
တောင်ပိုင်းလတ္တီတွဒ်နဲ့ နီးပြီး ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် ဘူဆန်ဆောင်းကတော့ ပိုအေးတတ်ပါတယ်။ အပူချိန် သုညဒီဂရီ စင်တီဂရိတ်အောက် ကျဆင်းပေမယ့်လည်း နှစ်စဉ် ဆီးနှင်းကျဆင်းမှုကတော့ နိုင်ငံတစ်ဝန်းလုံးမှာ အနိမ့်ဆုံးဖြစ်ပါတယ်။
ဘူဆန်ရဲ့ ဆောင်းရာသီပွဲတော်များ
Busan Christmas Tree Festival
Busan ခရစ္စမတ် သစ်ပင်ပွဲတော်ကို ဒီဇင်ဘာလမှာ စတင်ကာ ရက်ပေါင်း ၄၀ လောက်ကျင်းပကြပါတယ်။ ဒီအချိန်အတောအတွင်းမှာ ဘူဆန်မြို့တဝိုက် ခရစ္စမတ်သစ်ပင်တွေကို တမူထူးခြားတဲ့ ပုံစံသုံးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ဒီပွဲတော်ရဲ့ သက်တမ်းကလဲ ၁၀ နှစ်ကျော်ပြီဘဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ Nampo ရဲ့ နာမည်ကြီး စျေးဝယ်ဖို့နဲ့ စားသောက်ဆိုင်တွေရှိတဲ့ ခရိုင်က မီတာ 20 မြင့်တဲ့ ခရစ္စမတ်သစ်ပင်ကြီးဖြစ်ပါတယ်။ ဒီကြီးကျယ်ခမ်းနားတဲ့ သစ်ပင်ကို နောက်ခံထားပြီး နေ့ရောညပါ ဖျော်ဖြေပွဲမျိုးစုံကို ကြည့်ရှုခံစားနိုင်မှာဘဲ ဖြစ်ပါတယ်။ ညနေပိုင်းရောက်ရင်လဲ carol singing နဲ့ ခရစ္စမတ်ပွဲတော်အငွေ့အသက်ကို ရရှိစေမှာဘဲ ဖြစ်ပါတယ်။
Haeundae Polar Bear Festival (북극곰 축제)
နောက်ထပ် ဘူဆန်ရဲ့ ဆောင်းရာသီပွဲတော်ကတော့ ဘူဆန်ဝင်ရိုးစွန်းဝက်ဝံပွဲတော် ဖြစ်ပါတယ်။ ဒီဆောင်းရာသီပွဲတော်ကို ဆင်နွှဲမယ်ဆိုရင်တော့ နှစ်စဉ် ဇန်နဝါရီလမှာ စတင်လေ့ရှိပါတယ်။ ဒီပွဲတော်ကို ပါဝင်ယှဥ်ပြိုင်သူတွေ နံနက်ခင်း အစောပိုင်းမှာ သမုဒ္ဒရာထဲကို ရေဆင်းငုပ်တဲ့ ရေကူးပြိုင်ပွဲနဲ့ စတင်တာဘဲ ဖြစ်ပါတယ်။ နှစ်စဉ်ပါဝင်သူ 4000 အထိရှိတဲ့ အလွန်ရေပန်းစားတဲ့ ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ စွန့်စားလိုစိတ်ရှိပြီး ပါဝင်ယှဉ်ပြိုင်ချင်ရင်တော့ အွန်လိုင်းကနေ ကြိုတင်စာရင်းပေးသွင်းထားဖို့ လိုအပ်ပါတယ်။ ဒီပွဲတော်မှာ ဖျော်ဖြေပွဲတွေ၊ အကရှိုးတွေနဲ့ လူကြိုက်များတဲ့ ဒေသထွက် အရသာမျိုးစုံ အစားအစာတွေလဲ စားနိုင်ပါတယ်။
←
Previous:
အင်္ဂါဂြိုဟ်က ကျောက်တုံးတစ်လုံး ဒေါ်လာ ၄ သန်းနဲ့ လေလံတင်ရောင်းမ
Next:
Samsung ရဲ့ ခေါက်လို့ရတဲ့ ဖုန်းတွေဖြစ်တဲ့ Galaxy Z Flip 7 နဲ့ Galaxy Z Fold 7 မိတ်ဆက်
→
Latest
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ…
Read more
: ပြည်သူတွေ ရက်ချိန်းယူတာ၊ အခွန်ဆောင်တာနဲ့ နေ့စဉ်အလုပ်တွေမှာ ကူညီဖို့ တောင်ကိုရီးယားက အခမဲ့ AI စနစ်တွေကို ရန်ပုံငွေ ထောက်ပံ့ပေးနေ
စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
Samsung Electronics က ၂၀၂၆ ဒုတိယဝက်မှာ သူ့ရဲ့ ဖုန်းမော်ဒယ် စုံလင်းသွားအောင်နဲ့ အပိုပစ္စည်း စရိတ်စက…
Read more
: စျေးနှုန်း သက်သက်သာသာနဲ့ ထွက်ရှိလာခဲ့တဲ့ Samsung Galaxy S26 FE
iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
ဖုန်းအသစ် လဲတော့မယ်ဆိုရင် “iPhone 18 ထွက်မှပဲ ဝယ်တော့မလား” ဒါမှမဟုတ် “အခုထွက်ထားတဲ့ iPhone 17…
Read more
: iPhone 17 Series ကို အခုချိန်မှာ ဘာကြောင့်ဝယ်သင့်တာလဲ
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် iPhone…
Read more
: iPhone အဟောင်းထဲက Data တွေကို iPhone အသစ်ထဲ ပြောင်းရွှေ့နည်း
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်…
Read more
: ဗြိတိန်နိုင်ငံကို ဝယ်ယူမည်ဟု အီလွန်မတ်စ်၏ နောက်ပြောင်မှု Social Media ၌ ပွဲဆူ
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications