Your cart is currently empty!
Samsung Galaxy S25 Edge ကို ဘာကြောင့် ဝယ်သင့်တာလဲ ?
- ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်း
Galaxy S25 Edge ဟာ 5.8mm အထူနဲ့ 163g အလေးချိန်သာရှိပြီး Samsung ရဲ့ Galaxy S Series ထဲမှာ အပါးဆုံးနဲ့ အပေါ့ပါးဆုံး ဖုန်းဖြစ်ပါတယ်။ ဒါက အိတ်ကပ်ထဲဖြစ်စေ၊ အိတ်ထဲဖြစ်စေ အလွယ်တကူ သယ်ဆောင်နိုင်ပြီး သွားလာရလွယ်ကူစေပါတယ်။ ဒီဇိုင်းကလည်း ပရီမီယံအဆင့်မြင့် titanium frame နဲ့ Corning® Gorilla® Glass Ceramic 2 ကို အသုံးပြုထားတာကြောင့် လှပပြီး တာရှည်ခံပါတယ်။
- အမိုက်စား Camera
200MP အဓိကကင်မရာနဲ့ 12MP အာထရာဝိုက်ကင်မရာပါဝင်ပြီး Galaxy AI နည်းပညာနဲ့ Nightography စနစ်က ညဘက်ရိုက်ကူးမှုမှာ ပြတ်သားတဲ့ ဓာတ်ပုံတွေရရှိစေပါတယ်။ Portrait Selfie နဲ့ Best Face လို အင်္ဂါရပ်တွေက ဆယ်လ်ဖီရိုက်တဲ့အခါ သဘာဝကျတဲ့ အသားအရေနဲ့ အကောင်းဆုံးပုံရိပ်တွေကို ဖန်တီးပေးပါတယ်။ ဒါ့အပြင် AI Zoom နဲ့ ProVisual Engine က ဓာတ်ပုံအရည်အသွေးကို ပိုမိုမြှင့်တင်ပေးပါတယ်။
- စွမ်းဆောင်ရည်မြင့်မားတဲ့ Processor
Snapdragon 8 Elite for Galaxy ပရိုဆက်ဆာနဲ့ 12GB RAM ပါဝင်တာကြောင့် ဂိမ်းကစားတာ၊ ဗီဒီယိုတည်းဖြတ်တာ၊ ဒါမှမဟုတ် တခြား အလုပ်လုပ်ငန်းများအတွက်ပါ ချောမွေ့စွာ အလုပ်လုပ်နိုင်ပါတယ်။ ဒါ့အပြင် ပိုမိုကျယ်ဝန်းတဲ့ vapor chamber က အပူထိန်းညှိမှုကို ထိရောက်စွာ ထိန်းသိမ်းပေးတာကြောင့် အကြာကြီးအသုံးပြုရင်တောင် ဖုန်းမပူလွယ်ပါဘူး။
- အဆင့်မြှင့်လာတဲ့ Galaxy AI
Galaxy S25 Edge မှာ Galaxy AI ရဲ့ အဆင့်မြင့်အင်္ဂါရပ်တွေဖြစ်တဲ့ Now Bar၊ Cross Actions Apps နဲ့ Personal Data Agent တို့ ပါဝင်ပါတယ်။ ဒါတွေက နေ့စဉ်ဘဝမှာ အလုပ်များကို ပိုမိုလွယ်ကူစွာ စီမံခန့်ခွဲနိုင်အောင် ကူညီပေးပါတယ်။ ဥပမာ – ဓာတ်ပုံရှာဖွေတာ၊ အလိုအလျောက် အချက်အလက်ရှာဖွေတာ၊ ဒါမှမဟုတ် ဖုန်းကို သဘာဝကျကျ စကားပြောသလို အမိန့်ပေးပြီး အလုပ်မျိုးစုံကို တစ်ခါတည်း လုပ်ဆောင်နိုင်ပါတယ်။
- ပုံမှန်ထက် အကြမ်းခံတဲ့ Display
6.7 လက်မ Dynamic AMOLED QHD+ မျက်နှာပြင်ဟာ 120Hz refresh rate နဲ့ 2600 nits အထိ တောက်ပမှုရှိပြီး ပြတ်သားတဲ့ ပုံရိပ်နဲ့ ချောမွေ့တဲ့ အသုံးပြုမှုကို ပေးစွမ်းပါတယ်။ IP68 ရေနဲ့ ဖုန်မှုန့်ကာကွယ်မှုပါရှိတာကြောင့် နေ့စဉ်အသုံးပြုမှုမှာ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။
ကဲ.. ဒီလိုမျိူး စွမ်းဆောင်ရည်တွေနဲ့ဖုန်းလေးက လက်ရှိမှာ စျေးအတန်ဆုံးနဲ့ MyanGoal Telecom မှာ လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။






