0
Articles
Business Categories
Jobs
Shop
Telecom
Travel
Education
Search
K-pop ပရိသတ်တွေအတွက် Ktown4u COEX
May 22, 2025
—
by
Milo Kevin
in
Travel
Coex Artium အဆောက်အဦးမှာတည်ရှိတဲ့ Ktown4u ဟာ K-POP နဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ရနိုင်တဲ့နေရာဖြစ်ပြီး၊ offline စတိုး၊ K-POP Academy၊ ကော်ဖီဆိုင်နဲ့ အမျိုးမျိုး pop-up စတိုးတို့ရှိပါတယ်။
2nd Floor: SQUARE
Ktown4u ရဲ့ ဒုတိယထပ်မှာရှိတဲ့ SQUARE ကတော့ K-pop ပရိသတ်တွေအတွက် အိပ်မက်ထဲ ရောက်နေသလား ထင်ရအောင် K-pop merchandise အစုံအလင်ရနိုင်ပြီး lightsticks တွေကနေ အယ်လ်ဘမ်တွေ၊ ဓာတ်ပုံကတ်တွေနဲ့ ပိုစတာတွေအထိပါရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ ရွေးချယ်ရုံပါဘဲ။ အယ်လ်ဘမ်အသစ်တွေနဲ့ ဗီနိုင်းများအပြင် အရင်ကထွက်ရှိခဲ့တဲ့ အနုပညာရှင်တွေရဲ့ အယ်လ်ဘမ်အဟောင်း တွေပါ ရနိုင်ပါတယ်။ အခြားထုတ်ကုန်တွေအနေနဲ့ စတစ်ကာတွေ သော့ချိတ်တွေ၊ အဝတ်အထည်တွေနဲ့ အလှကုန်တွေအထိ ရှိပါ။ Photo booths တွေလဲ ရှိပြီး ကိုယ်ကြိုက်တဲ့ K-pop idols တွေပါတဲ့ ဓာတ်ပုံ frame တွေနဲ့ ဓာတ်ပုံရိုက်လို့ ရပါ။ နံရံတွေပေါ်မှာလဲ K-pop idols တွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ သူတို့ရဲ့ လက်မှတ်တွေနဲ့ပါ အလှဆင်ထားတာကြောင့် K-pop ပရိတ်သတ်တွေအတွက် နိဗ္ဗာန်ပါဘဲ။
3rd Floor: ACADEMY
အဆောက်အဦးရဲ့ တတိယထပ်မှာ K-pop idols တွေနဲ့ အလုပ်တွဲလုပ်ဖူးတဲ့ သင်တန်းဆရာတွေဆီကနေ K-pop အကတွေကိုပါ သင်ယူနိုင်တဲ့ အကယ်ဒမီကျောင်းရှိပါ။ နိုင်ငံတကာအတွက် မတူညီတဲ့ဘာသာစကားတွေနဲ့ သင်ကြားပို့ချပေးတဲ့ သင်တန်းတွေ၊ တစ်ရက်တာသင်တန်းတွေ ရှိတာကြောင့် ပျော်စရာကောင်းတဲ့ အတွေ့အကြုံကို ရရှိနိုင်မှာပါ။ Ktown4u COEX Academy မှာ နာမည်ကြီးတဲ့ entertainment ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး လူရွေးပွဲတွေလဲ မကြာခဏ ကျင်းပလေ့ရှိပါတယ်။ K-pop စတားတစ်ယောက်ဖြစ်ချင်တဲ့သူတွေရှိရင်လဲ ဒီ Ktown4u ရဲ့ အကယ်ဒမီဟာ လမ်းစတစ်ခုဖြစ်နိုင်ပါတယ်။
4th Floor: POP-UP Store & CAFE
စတုတ္ထထပ်မှာတော့ pop-up စတိုးဆိုင်တွေနဲ့ ပွဲလမ်းသဘင်တွေအတွက်လဲ နေရာတစ်ခုရှိပါတယ်။ ဒီအထပ်မှာ (G)I-DLE၊ VERIVERY နဲ့ ZEROBASEONE တို့အတွက် pop-up စတိုးဆိုင်တွေအပြင် Got7 က BamBam နဲ့ TREASURE တို့ရဲ့ fan meeting ပွဲတွေလဲ ပြုလုပ်ခဲ့ပါတယ်။
K-POP ယဉ်ကျေးမှုပွဲတော်
K-POP Culture Festa ကတော့ Ktown4u နဲ့ Starfield COEX Mall တို့က ပူးပေါင်းကျင်းပတဲ့ K-pop ပွဲတော်တစ်ခု ဖြစ်ပါတယ်။ Starfield COEX Mall ရဲ့ ဒုတိယမြေအောက်ထပ်မှာရှိတဲ့ Live Plaza မှာ လစဉ် လတစ်လရဲ့ နောက်ဆုံးသောကြာနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်မှာ K-pop အဆိုနဲ့ အကပြိုင်ပွဲ ဖြစ်တဲ့ “Challenge Open Class” ကိုပါ ကျင်းပပြီး K-pop idols တွေရဲ့ ဖျော်ဖြေမှုတွေကိုလဲ ကြည့်နိုင်ပါသေးတယ်။
တည်နေရာ – 2F-4F၊ 513 Yeongdong-daero၊ Gangnam-gu၊ ဆိုးလ် (서울특별시 강남구 영동대로 513 2~4층)
လမ်းညွှန်ချက် – Samseong ဘူတာရုံ (ဆိုးလ်မြေအောက်ရထားလိုင်း 9) ရဲ့ ထွက်ပေါက် 5 နဲ့ 6 အကြား ဂိတ်ပေါက်ကနေ ဆက်သွယ်ထားတဲ့ လမ်းကို ဖြတ်ပြီး McDonald’s နှင့် H&M ကိုကျော်ပြီး Starbucks ဘေးက စက်လှေကားအတိုင်း တက်ရင် အဆောက်အဦးက ညာဖက်ခြမ်းမှာ ရှိနေပါလိမ့်မယ်။
#kpop #shop #coex #myangoal #korea #visit #Myanmar #activities #seoul
←
Previous:
Amazon က iPhone၊ AirPods နဲ့ AirTag လို Apple ထုတ်ကုန်တွေကို ဒရုန်းနဲ့ ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို စတင်ကြေညာလိုက်ပါပြီ။
Next:
Samsung Galaxy S25 Edge ကို ဘာကြောင့် ဝယ်သင့်တာလဲ ?
→
Latest
Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ရဲ့ နောက်ကွယ်
Apple ကနေ ပထမဆုံး Foldable Generation ထွက်ရှိတာ ဖြစ်ပေမဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်မယ့် Specs…
Read more
: Apple ရဲ့ ပထမဆုံး ခေါက်ဖုန်း iPhone Duo ရဲ့ နောက်ကွယ်
iPhone Duo မှာ မပါဝင်လာတဲ့ iPhone 18 Pro ရဲ့ Feature ၁၀ ခု
iPhone Duo ဟာ Apple ရဲ့ ပထမဆုံး ခေါက်ဖုန်းဖြစ်လာပြီး Duo FaceTime အပြင်…
Read more
: iPhone Duo မှာ မပါဝင်လာတဲ့ iPhone 18 Pro ရဲ့ Feature ၁၀ ခု
Apple ရဲ့ iPhone Duo နောက်ကွယ်က ဂျပန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ အခွင့်အလမ်း
Apple ကနေ ပထမဆုံး ခေါက်ဖုန်းဖြစ်တဲ့ iPhone Duo ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ…
Read more
: Apple ရဲ့ iPhone Duo နောက်ကွယ်က ဂျပန်ပစ္စည်းထုတ်လုပ်သူတွေရဲ့ အခွင့်အလမ်း
iPhone Duo မှာ Split View သုံးလို့ရပေမဲ့ iPad မှာလိုတော့ မဟုတ်သေးပါဘူး
Apple ရဲ့ iPhone Duo ဟာ App နှစ်ခုကို ဘေးချင်းယှဉ်ပြီး Run နိုင်တဲ့…
Read more
: iPhone Duo မှာ Split View သုံးလို့ရပေမဲ့ iPad မှာလိုတော့ မဟုတ်သေးပါဘူး
Apple ဘက်ကနေ ဒီနှစ် မကုန်ခင် မိတ်ဆက်ဖို့ ကျန်သေးတဲ့ Product ၈ ခု
Apple ရဲ့ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ iPhone Event ကြီး ပြီးဆုံးသွားခဲ့ပြီ ဆိုပေမဲ့ သတင်းထွက်ချက်တွေအရ…
Read more
: Apple ဘက်ကနေ ဒီနှစ် မကုန်ခင် မိတ်ဆက်ဖို့ ကျန်သေးတဲ့ Product ၈ ခု
Your cart
(items: 0)
Products in cart
Product
Details
Total
Available on backorder
Previous price:
Discounted price:
/
/
−
+
Save
Your cart is currently empty!
Start shopping
Notifications