Apple နဲ့ Google တို့ရဲ့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားရတဲ့ ပူးပေါင်းမှုဟာ အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ Google Cloud အကြီးအကဲ Thomas Kurian ရဲ့ အဆိုအရ Siri ဟာ Google ရဲ့ Gemini AI အစွမ်းနဲ့ အဆင့်မြှင့်တင်ခြင်း ခံရတော့မှာပါ။ ဒါဟာ Siri ကို အရင်ကထက် ပိုမိုစမတ်ကျစေရုံတင်မကဘဲ လူသားတစ်ယောက်လို ပိုမိုနားလည်လွယ်တဲ့ တုံ့ပြန်မှုတွေကို ပေးနိုင်တဲ့ Personal Assistant တစ်ယောက်အဖြစ် ပြောင်းလဲပေးတော့မှာ ဖြစ်ပါတယ်။ iOS 27 နဲ့အတူ အောက်တိုဘာလမှာ စတင်တွေ့မြင်ရမယ့် ဒီ Siri အသစ်ဟာ Apple ရဲ့ Privacy နဲ့ Google ရဲ့ အသိဉာဏ်တို့ ပေါင်းစပ်ထားတဲ့ အကောင်းဆုံးလက်ရာတစ်ခု ဖြစ်လာပါလိမ့်မယ်။






