Your cart is currently empty!
TikTok တွင် အသံမက်ဆေ့ချ်ပို့နိုင်သည့် စနစ်အသစ် ထည့်သွင်း
TikTok ဟာ သုံးစွဲသူတွေကို အသံမက်ဆေ့ချ် (voice notes) များ ပေးပို့နိုင်တဲ့ လုပ်ဆောင်ချက်အသစ်ကို ထည့်သွင်းလိုက်ပါတယ်။ အရင်က ဗီဒီယိုနဲ့ စာသားများသာ ပေးပို့နိုင်ခဲ့ပေမဲ့ အခုတော့ ၆၀ စက္ကန့်အထိကြာတဲ့ အသံဖိုင်တွေကိုလည်း ပေးပို့နိုင်ပါပြီ။ အသံမက်ဆေ့ချ်ပို့ဖို့အတွက် App ရဲ့ ညာဘက်အောက်ထောင့်မှာရှိတဲ့ မိုက်ခရိုဖုန်းပုံလေးကို နှိပ်ပြီး ပြောနိုင်ပါတယ်။
ဒါ့အပြင် ဓါတ်ပုံတွေကိုလည်း တစ်ကြိမ်လျှင် ၉ ပုံအထိ ပေးပို့နိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ဓါတ်ပုံ/ဗီဒီယို ပို့ချင်တယ်ဆိုရင်တော့ DM box ရဲ့ ဘယ်ဘက်အောက်ထောင့်က ကင်မရာပုံကို နှိပ်ပြီး ပို့နိုင်ပါတယ်။ ပို့မယ့်ပုံကိုလည်း အရင် edit လုပ်နိုင်ပါသေးတယ်။
TikTok က ဒီ feature တွေဟာ သုံးစွဲသူတွေအတွက် လုံခြုံမှုရှိစေဖို့ privacy ကို အလေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် DM ကနေ ဓါတ်ပုံ/ဗီဒီယိုတွေ ပေးပို့တဲ့အခါ သေချာစစ်ဆေးပြီးမှ ပို့ကြဖို့လည်း သတိပေးထားပါတယ်။
DM features တွေကို အသက် ၁၆ နှစ်အထက် သုံးစွဲသူတွေအတွက်သာ ကန့်သတ်ထားပြီး၊ အသက် ၁၆ နှစ်ကနေ ၁၈ နှစ်ကြား ကလေးတွေအတွက် မသင့်တော်တဲ့ အကြောင်းအရာတွေ (ဥပမာ- ညစ်ညမ်းပုံရိပ်တွေ) ကိုမြင်ရခြင်းမရှိအောင် စနစ်တကျ ကာကွယ်ပေးထားတယ်လို့လည်း သိရပါတယ်။
ဒီ feature အသစ်တွေ ထပ်ထည့်လိုက်တာကြောင့် TikTok ဟာ ဖျော်ဖြေရေး platform တစ်ခုထက် ပိုမိုတဲ့ ဆက်သွယ်ရေး platform တစ်ခုဖြစ်လာဖို့ ခြေလှမ်းစတင်လိုက်ပြီလို့ ဆိုနိုင်ပါတယ်။






