ချွေးထုတ်ခန်းရောက်ရင် စမ်းကြည့်သင့်တဲ့ activities ၈ ခု Part-2

ချွေးထုတ်ခန်းတွေဟာ ကိုရီးယားမှာ လူသွားအများဆုံးနဲ့ ခဏတာ အပန်းဖြေအနားယူလို့ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ချွေးထုတ်ခန်းရောက်ရင် ကျကျနန အပန်းဖြေအနားယူနိုင်ခဲ့ဖို့အတွက် activities ၈ ခုထဲက ကျန်နေသေးတဲ့ နောက်ထပ် activities ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဘယ်လို activities မျိုးလဲ သိချင်တယ်ဆိုရင်တော့ 👇👇👇

5. အိပ်ခန်း

ကိုရီးယားက ချွေးထုတ်ခန်းတွေဟာ 24 နာရီ ဖွင့်ထားတာကြောင့် night out ထွက်ပြီးလို့ အိမ်မပြန်ချင်သေးပဲ after သွားချင်တဲ့သူတွေအတွက် အနားယူလို့ အကောင်းဆုံးနေရာ ဖြစ်ပါတယ်။ အိပ်ဖို့ ဖျာနဲ့ ခေါင်းအုံးလည်း ပေးပါတယ်။ ချွေးထုတ်ခန်းက အိပ်ခန်းတွေဟာ တံခါးမပါတာကြောင့် ကိုယ့်ရဲ့ တန်ဖိုးကြီးတဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကိုတော့ လော့ကာထဲမှာ သိမ်းထားတာ အကောင်းဆုံးဖြစ်ပါတယ်။

6. Jjimjilbang (찜질방) က သရေစာတွေကို စမ်းစားကြည့်ပါ။

ချွေးထုတ်ခန်းရောက်ရင် လူကြိုက်များတဲ့ သရေစာတွေဖြစ် ကြက်ဥပြုတ်နဲ့ Sikhye (식혜) (ရိုးရာဆန်ဖျော်ရည်) တို့ကိုလဲ စမ်းသောက်ခဲ့ကြည့်ဖို့ မမေ့ပါနဲ့။ ဒီနောက်ပိုင်းဆိုရင် တခြားချွေးထုတ်ခန်းတွေမှာ ကန်စွန်းဥ နဲ့ garaetteok (가래떡) လိုမျိုး ကိုရီးယားရိုးရာ သရေစာတွေကနေ samgyopsal 삼겹살 (ဝက်ဗိုက်သားကင်) လိုမျိုး အရသာရှိတဲ့ အစားအစာတွေအထိ မှာယူလို့ ရနေပါပြီ။ 

7.  Massage Chair

အလုပ်လုပ်ရတာ၊ ကျောင်းတက်ရတာတွေကြောင့် ပင်ပန်းနွမ်းနယ်နေပြီလား? ဒါဆိုရင် ချွေးထုတ်ခန်းမှာရှိတဲ့ အနှိပ်ထိုင်ခုံတွေမှာ စမ်းပြီး အနှိပ်ခံကြည့်ပါ။ ချွေးထုတ်ခန်းတွေမှာ အနှိပ်ထိုင်ခုံတွေ များသောအားဖြင့် ရှိတတ်ပြီး လူများတဲ့ နေ့တွေမှာတော့ လူပြည့်တတ်တာကြောင့် စောင့်ရတတ်ပါတယ်။ စျေးနှုန်းတွေကလဲ ချွေးထုတ်ခန်းတစ်ခုနဲ့ တစ်ခု မတူကြပါဘူး။

8. တခြား Facilities များ

အခုနောက်ပိုင်း ချွေးထုတ်ခန်းတွေမှာဆိုရင် saunas, Jacuzzi တွေအပြင် gym တွေ၊ ရေကူးကန်၊ game rooms တွေ၊ ကစားကွင်းတွေပါ ရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်ဖွယ်အမှတ်တရတွေ ဖန်တီးနိုင်ဖို့ activities မျိုးစုံ ပြုလုပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။

#korea #myangoal #myanmar #jjimjilbang #sauna #traditional #korean #activities


Latest