Your cart is currently empty!
xAI မှ Windows နဲ့ macOS အတွက် Grok App လုပ်ဖို့ ဆော့ဖ်ဝဲအင်ဂျင်နီယာများ ခေါ်ယူနေ
Elon Musk ပိုင်ဆိုင်တဲ့ xAI ကုမ္ပဏီဟာ Windows နှင့် macOS အသုံးပြုသူများအတွက် သီးသန့် Grok App တစ်ခုလုပ်ဖို့ ဆော့ဖ်ဝဲအင်ဂျင်နီယာများကို ခေါ်ယူနေကြောင်း X ပလက်ဖောင်းပေါ်မှာ ကြေညာခဲ့ပါတယ်။ xAI ရဲ့ တွဲဖက်တည်ထောင်သူ Igor Babuschkin နဲဲ့ နည်းပညာဝန်ထမ်း Sulaiman Khan Ghori တို့က macOS အတွက် App ဖန်တီးဖို့ Swift နဲ့ AppKit တို့လို Software တွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ အင်ဂျင်နီယာများကို ရှာဖွေနေကြောင်း X မှာ ဖော်ပြခဲ့ပါတယ်။
Sulaiman Khan Ghori ရဲ့ Post မှာတော့ Mac အတွက် App တစ်ခုလုပ်ဖို့ အင်ဂျင်နီယာများကို ခေါ်ယူနေပါတယ်လို့ ဖော်ပြထားပါတယ်။ Swift နဲ့ AppKit တို့နဲ့ စွမ်းဆောင်ရည်မြင့်မားသော App များ ရေးသားဖူးသူများနဲ့ ဆွေးနွေးလိုပါတယ်” လို့ ရေးသားထားပါတယ်။
နှစ်စဉ်လစာကတော့ ဒေါ်လာ ၁၈၀,၀၀၀ မှ ၄၄၀,၀၀၀ အထိ ဖြစ်တယ်လို့သိရပါတယ်။
Elon Musk ကိုယ်တိုင်ကလည်း “Browser ထဲမှာ အမြဲနေနိုင်မှာ မဟုတ်ဘူး” လို့ ဖော်ပြခဲ့ပါတယ်။






